Little Étoile ရဲ့ ထုတ်ကုန်တွေမှာ “အော်ဂဲနစ်”ဆိုတာက အော်ဂဲနစ် ထုတ်ကုန်တစ်ခုဆိုတာထက်ပိုပါတယ်။ ကျွန်တော်တို့အနေနဲ့ စနစ်တစ်ခုလုံးအော်ဂဲနစ် ဆိုတဲ့နေရာမှာ ဘာကို ဆိုလိုသလဲဆိုတော့ သီးနှံတွေကို စတင်စိုက်ပျိုးတဲ့ မြေဆီသြဇာကအစ၊ ထုတ်လုပ်၊ထုတ်ပိုး၊တဲ့ အဆင့်တွေအားလုံးကို ပြီးပြည့်စုံတဲ့ အသိအမှတ်ပြုအော်ဂဲနစ် စနစ်စစ်ဆေးမှုရဲ့ စံချိန်စံညွန်းတွေကို လိုက်နာပါတယ်လို့ ဆိုလိုတာပါ။
Little Étoile Organic က သြစတြေးလျနိုင်ငံရဲ့ ဂုဏ်ယူ၀င့်ကြွားစရာ အော်ဂဲနစ်ထုတ်ကုန်ဖြစ်ပါတယ်
ACO (Australian Certified Organic) က သြစတြေးလျနိုင်ငံရဲ့ အကြီးဆုံးသော အော်ဂဲနစ်နဲ့ ဇီ၀ထုတ်ကုန်ဆိုင်ရာ စမ်းသပ်စစ်ဆေးတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ အော်ဂဲနစ် စစ်ဆေးအသိအမှတ်ပြုမှု က အစားအစာတွေကို ဓာတ်မြေသြဇာများ၊ ဓာတုနည်းလမ်းများမပါ၀င်ပဲ အစအဆုံးသဘာ၀နည်းလမ်းစစ်စစ်နဲ့သာ ပြုလုပ်ထားဖို့ကို တင်းကြပ်စွာ စစ်ဆေးပါတယ်။ သမာရိုးကျစိုက်ခင်းတစ်ခုကနေ အော်ဂဲနစ် စိုက်ခင်းတစ်ခုအဖြစ် ပြောင်းလဲလာစေဖို့ ၃ နှစ်ကျော်အချိန်ယူရပြီး ဒါအတွက် ဖြတ်လမ်းမရှိပါဘူး။ ဒါကြောင်း ကမ္ဘာပေါ်က စိုက်ခင်းတွေအားလုံးရဲ့ ၁ ရာခိုင်နှုန်းကိုသာ အော်ဂဲနစ်အသိအမှတ်ပြုမှုရရှိထားတာဖြစ်ပါတယ်။
သြစတြေးလျနိုင်ငံက တစ်ကမ္ဘာလုံးရဲ့ အော်ဂဲနစ်ထုတ်ကုန်တွေရဲ့ ထက်၀က်ကျော်ကို ထုတ်လုပ်မှုမှာ တာ၀န်ရှိတာဖြစ်လို့ အော်ဂဲနစ်မှန်ကန်မှုစစ်ဆေးမှုကို ကမ္ဘာပေါ်က အတင်းကြပ်ဆုံးစစ်ဆေးမှုများမှာပါ၀င်ပြီး ACO အနေနဲ့ ဘက်အလိုက်ပဲသမာဓိကျကျအဆင့်အတန်းတွေကို နိုင်ငံတကာအသိအမှတ်ပြုစစ်ဆေးရာမှာ တာ၀န်ရှိပါတယ်။

အော်ဂဲနစ်က သင့်ရင်သွေးငယ်အတွက် အကောင်းဆုံးဖြစ်ပါတယ်။
သင့်ရင်သွေးကလေးသူငယ်တွေကို အခွင့်အရေးရတိုင်းမှာ အော်ဂဲနစ်အစားအသောက်များနဲ့ ကျွေးမွေးပြီး ဒီလိုနည်းလမ်းနဲ့ ဘ၀ကို အစကောင်းနဲ့ကြုံတွေ့စေဖို့ ဦးစားပေးသင့်ပါတယ်။
ရင်သွေးငယ်များ၊တွားသွားတတ်စကလေးသူငယ်များအနေနဲ့ အသက် ၂ နှစ်အတွင်းမှာ ခန္တာကိုယ်နဲ့ စိတ်ပိုင်းဥာဏ်ပညာဆိုင်ရာဖွံဖြိုးတိုးတက်မှု မြန်ဆန်စွာဖြစ်ပေါ်လာပြီး ဒါတွေက လုံလောက်တဲ့အာဟာရရရှိမှုနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ပတ်၀န်းကျင်မှာ ကြီးထွားလာရမှုတို့အပေါ်မှာ မူတည်ပါတယ်။
အော်ဂဲနစ်အစားအစာတွေမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပိုမိုပါ၀င်ပြီး၊ အန္တရာယ်ရှိတဲ့ ပစ္စည်းများပိုမိုနည်းပါးစွာပါ၀င်လို့ အာဟာရတန်ဖိုးပိုမိုမြင့်မားပါတယ်။ ဒါနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ သမာရိုးကျစိုက်ပျိုးနည်းလမ်းများနဲ့ရရှိထားတဲ့ အစားအစာတွေမှာတော့ Heavy metals များ၊ ပိုးသတ်ဆေးများ၊ ဟော်မုန်းများ၊ ဇီ၀ပြုပြင်ထားတဲ့ထည့်သွင်းပစ္စည်းများအစရှိတာတွေပါ၀င်ပါတယ်။
ရင်သွေးငယ်လေးတွေရဲ့ ကိုယ်ခံအားစနစ်က ကြီးထွားနေဆဲဖြစ်လို့ သမာရိုးကျအစားအစာတွေမှာတွေ့ရတဲ့ ဓာတုပစ္စည်း၊ ပိုးသတ်၊ပေါင်းသတ်ဆေးတွေရဲ့ ဆိုးကျိုးဒဏ်ကို ပိုမိုခံစားရပါတယ်။ ဒါတွေက သူတို့ရဲ့ ကျန်းမာရေးနဲ့ ကြီးထွားဖွံဖြိုးမှုကို ဆိုးကျိုးသက်ရောက်စေပါတယ်။ ပေါင်းသတ်ဆေးနဲ့ ထိတွေ့မှုရှိကြတဲ့ ရင်သွေးငယ်တွေက သင်ကြားလေ့လာမှုနဲ့ အမူအကျင့်ဆိုင်ရာမူမမှန်မှု (အာရုံမစူးစိုက်နိုင်မှု)တွေ ပိုမိုဖြစ်ပွားနိုင်ကြောင်း လေ့လာမှုသုတေသနများစွာလည်း ရှိပါတယ်။
“ကျွန်တော်တို့အနေနဲ့ သြစတြေးလျမိသားစုတွေကို လူတိုင်းနဲ့ လက်လှမ်းမီပြီး အဆင်ပြေတဲ့၊ အရည်အသွေးအကောင်းမွန်ဆုံးသော အော်ဂဲနစ်ရင်သွေးအစားအစာ တွေထောက်ပံ့ပေးနိုင်လို့ ဂုဏ်ယူမိပါတယ်။”
References
- Barański, M., et al., Higher antioxidant and lower cadmium concentrations and lower incidence of pesticide residues in organically grown crops: a systematic literature review and meta-analyse. British Journal of Nutrition, 2014. 112(5): p. 794-811Roberts, J.R., et al., Pesticide Exposure in Children. Pediatrics, 2012. 130(6): p. e1765-1788.
- Koletzko, B., et al., Pesticides in dietary foods for infants and young children. Report of the Working Group on Pesticides in Baby Foods of the European Society for Paediatric Gastroenterology, Hepatology and Nutrition (ESPGHAN). Archives of Disease in Childhood, 1999. 80(1): p. 91-92.