Simple recipes, premium nutrition
ရိုးရှင်းတဲ့ချက်လုပ်မှုများနဲ့ အဆင့်အတန်းမြင့်တဲ့ အာဟာရကို ရရှိစေမှာပါ။ ကျွန်တော်တို့ရဲ့ ချက်လုပ်ပြင်ဆင်မှုနည်းလမ်းများအနေနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အရသာကို ရရှိနိုင်စေမဲ့ ကုန်ကြမ်းပစ္စည်းများကို အသုံးပြုထားပါတယ်။ အစာအိတ်များကို သင့်ရင်သွေးငယ်အတွက် အမျိုးစုံလင်တဲ့ မရှိမဖြစ်အာဟာရများရရှိစေဖို့ ကျွန်တော်တို့ရဲ့ အာဟာရပညာရှင်များက ဒီဇိုင်းပြုလုပ်ဖန်တီးထားပါတယ်။


ကျွန်တော်တို့ရဲ့ ကွာလတီအဆင့်အတန်းများ
ကျွန်တော်တို့ရဲ့ စမ်းသပ်စစ်ဆေးမှုနဲ့ ဆေး၀ါးဆိုင်ရာနည်းစနစ်တွေကို စိုက်ခင်းမှ စားပွဲအထိ ကုန်ကြမ်းတွေရဲ့ အဆင့်တိုင်းမှာ အသုံးချထားပါတယ်။ ထုတ်ကုန်အသုတ်တိုင်းကို ကုန်ကြမ်းတွေကို စတင်ရယူတဲ့ မူလအရင်းအမြစ်နေရာ၊ မီးဖိုချောင်နဲ့ ချက်လုပ်မှုအဆင့်များနဲ့ စတင်ဖြန့်ချီတဲ့အဆင့်၊ ဖြန့်ချီပြီး ထုတ်ကုန်များရဲ့တည်ငြိမ်မှုစစ်ဆေးတဲ့ အဆင့်တိုင်းမှာ Heavy Metals ၊ ဓာတ်မတည့်ပစ္စည်းများပါ၀င်မှုရှိမရှိ၊ စစ်ဆေးပါတယ်။ ဒီစစ်ဆေးမှုတွေကို သြစတျေးလျနိုင်ငံရဲ့ လိုအပ်မှုသတ်မှတ်ချက်တွေထက် ပိုမိုပြည့်စုံစွာစစ်ဆေးထားပြီး ကျွန်တော်တို့အနေနဲ့ ပိုမိုပြုလုပ်ထားခြင်းပဲဖြစ်ပါတယ်။
သြစတြေးလျနိုင်ငံဖြစ် အသိအမှတ်ပြုပြီး အော်ဂဲနစ်ပစ္စည်းများ
အကြီးစား စိုက်ခင်းများမှာ အသုံးပြုတဲ့အလေ့အကျင့်များက ထွက်ကုန်သီးနှံတွေရဲ့ အာဟာရနဲ့ အရသာကို သိသိသာသာ သက်ရောက်မှုရှိပါတယ်။ ကျွန်တော်တို့ရဲ့ သြစတြေးလျအော်ဂဲနစ်အသိအမှတ်ပြု အသေးစားစိုက်ခင်းများကတော့ အာဟာရ၊ သတ္ထုဓာတ်များ၊ ဗီတာမင်ဓာတ်များပါ၀င်မှုကို သေချာစေပြီး၊ ရရှိလာတဲ့ အစားအစာတွေရဲ့ အရသာနဲ့ ကျန်းမာရေးအကျိုးအမြတ်တွေကို ကောင်းစွာရရှိစေပါတယ်။
We deliver simple recipes with premium nutrition. Our recipes use staple ingredients that are optimal for healthy palate development. Each pouch is designed by our team of nutritionists to provide a variety of essential nutrients for your growing star.


အသုံးပြုရလွယ်ကူပြီး စိတ်ချရတဲ့အပြင် ပြန်လည်သုံးစွဲလို့ရတဲ့ ထုတ်ပိုးမှု
ကျွန်တော်တို့ရဲ့ BPA ပလတ်စတစ်မပါ၀င်တဲ့ အစာအိတ်လေးတွေက ရင်သွေးငယ်လေးများအတွက် အကူအညီမလိုပဲ မိမိဘာသာ ကိုင်တွယ်စားသောက်လို့ရလို့ လက်တွေရဲ့ ကြွက်သားဖွံဖြိုးမှုကို အားပေးပါတယ်။ အစာအိတ်တွေက တစ်နပ်စာ အမြန်ပြင်ဆင်လိုရင်ပဲဖြစ်ဖြစ်၊ ထသွားထလာ သရေစာအနေနဲ့ပဲဖြစ်ဖြစ်အဆင်ပြေတဲ့အပြင် အိမ်ထမင်းဟင်းအတွက်လဲ ဟင်းတစ်ခွက်စာအနေနဲ့ ထည့်သွင်းလို့ရပါတယ်။ အစာအိတ်လေးတွေကို Coles နဲ့ Woolworths မှာရှိတဲ့ ပလတ်စတစ်ပြန်လည်သုံးစွဲပြုပြင်လို့ရတဲ့ နေရာတွေမှာ အစားထိုးလို့ရပါတယ်။ Redcycle