Blog

သင့်ရင်သွေးငယ်လေးအတွက် ဘာဖြစ်လို့ အော်ဂဲနစ်စားစရာကို ရွေးချယ်သင့်တာလဲ

ကြီးထွားဖွံဖြိုးနေတဲ့ ရင်သွေးငယ်လေးတွေအတွက် အော်ဂဲနစ်အစားအစာတွေက ဘယ်လိုအကျိုးဖြစ်စေမလဲ

ရင်သွေးကလေးငယ်များဟာ ပထမ အသက် ၂ နှစ်အတွင်းမှာ လျင်မြန်စွာခန္တာကိုယ်ကြီးထွားလာပြီး အသိဥာဏ်ဖွံဖြိုးမှုလဲ တိုးတက်လာပါတယ်။ ဒီလိုဖွံဖြိုးဖို့ သင့်တင့်မျှတပြီး လုံလောက်တဲ့ အစာအာဟာရနဲ့ ကောင်းမွန်တဲ့ ကြီးပြင်းရာပတ်၀န်ကျင်လည်း လိုအပ်ပါတယ်။

အော်ဂဲနစ်အစားအစာတွေမှာ သမရိုးကျအစားအစာတွေထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနဲ့ အာဟာရတန်ဖိုးပိုမိုမြင့်မားသလို ၊ အန္တရာယ်ဖြစ်စေနိုင်တဲ့ ပစ္စည်းပါ၀င်မှုပိုမို နည်းပါးပါတယ်။

အော်ဂဲနစ်နည်းစနစ်ရဲ့ အခြားတစ်ဖက်ကိုကြည့်မယ်ဆိုရင် မိရိုးဖလာ စိုက်ပျိုးနည်းစနစ်များနဲ့ စိုက်ပျိုးထုတ်လုပ်ထားတဲ့ သီးနှံတွေမှာ Heavy metals၊ ပိုးသတ်ဆေး၊ ဟော်မုန်းဓာတ်များ၊ မျိုးရိုးဗီဇပြုပြင်ထားတဲ့ ပါ၀င်ပစ္စည်းများပိုမိုပါ၀င်နေပါတယ်။ ရင်သွေးငယ်လေးတွေရဲ့ ကိုယ်ခံစွမ်းအားစနစ်က ဖွံဖြိုးဆဲပဲရှိနေသေးတဲ့အတွက် အဆိုပါစားစဖွယ်ထုတ်ကုန်များမှာပါ၀င်တဲ့ ဓာတုပစ္စည်းများနဲ့ ပိုးသတ်ဆေးတွေရဲ့ အာနိသင်ဆိုးကျိုးကို ပိုမိုခံစားရပါတယ်။ ရင်သွေးငယ်တို့ရဲ့ ကျန်းမာဖွံဖြိုးရေးကို ဒီအချက်များက ဆိုးကျိုးသက်ရောက်စေနိုင်ပါတယ်။

ပိုးသတ်၊ပေါင်းသတ်ဆေးတွေနဲ့ ထိတွေ့မှုရှိတဲ့ ကလေးသူငယ်များဟာ ပညာသင်ယူလေ့လာရာမှာ အခက်အခဲရှိပြီး အာရုံစူးစိုက်မှုအားနည်းတဲ့ အမူအကျင့်ဆိုင်ရာပြဿနာတွေပိုပြီး တွေ့ရှိရတယ်လို့ သိပ္ပံနည်းကျလေ့လာချက်စာတမ်းများက ဆက်စပ်တွေ့ရှိထားပါတယ်။

ဒါကြောင့် ဘ၀အစ တာထွက်ကောင်းစေဖို့ အခွင့်အခါရတိုင်း ရင်သွေးငယ်တွေကို အော်ဂဲနစ်အစားအစာများ ကျွေးမွေးခြင်းကို ပြုလုပ်သင့်ပါတယ်။

အကန့်အသတ်ရှိတဲ့ ကုန်ကျစရိတ်နဲ့ ဘယ်လိုအာဟာရပြည့်အောင်စားသုံးမလဲ

အော်ဂဲနစ်သီးနှံထုတ်ကုန်စစ်စစ်တွေကို စားသုံးရတာက အကောင်းဆုံးအခြေအနေဆိုပေမဲ့၊ သင့်မိသားစုရဲ့ အစားအစာကို ဓာတုပစ္စည်းများနဲ့ ထိတွေ့မှုနည်းစေပြီး အရည်အသွေးပိုမိုကောင်းမွန်လာစေဖို့ လုပ်လို့ရတဲ့ နည်းလမ်းများရှိပါတယ်။

ကိုယ့်ဒေသထွက်စျေးကွက်မှ ၀ယ်ယူခြင်းက နာမည်ကြီးစူပါမားကတ်တွေနဲ့ အော်ဂဲနစ်ထွက်ကုန်ဆိုင်များကနေ ၀ယ်ယူတာတွေထက် သိသိသာသာကုန်ကျစရိတ်သက်သာစေနိုင်ပါတယ်။ ၀ယ်ယူလိုက်တဲ့ ပစ္စည်းတွေဟာ တစ်ရာရာခိုင်နှုန်းအော်ဂဲနစ်ဖြစ်ဖို့ဆိုတာ မသေချာပေမဲ့လည်း ၊ ဒေသထွက်ပစ္စည်းဖြစ်လို့ သယ်ယူပို့ဆောင်ရတဲ့ အချိန်နည်းပါးမယ်။ ရက်နည်းနည်းအတွင်း ကိုယ့်စားပွဲပေါ်စားသုံးနိုင်တာမို့ လတ်ဆတ်မှုရှိပြီး ရက်ကြာသွားလို့ အာဟာရတန်ဖိုးလျော့ကျသွားတာမျိုး မရှိတော့ပါဘူး။ စူပါမားကတ်များက သစ်သီး၀လံများကတော့ ကိုယ်၀ယ်ယူတဲ့အချိန်မှာ ရက်ကြာနေတာမျိုးဖြစ်နေတတ်ပြီး သတ္ထုဓာတ်၊ ဗီတာမင်တန်ဖိုးများ လျော့ကျသွားတာမျိုး ဖြစ်သွားနိုင်ပါတယ်။

အော်ဂဲနစ်မဟုတ်တဲ့ သီးနှံထုတ်ကုန်များကို မစားမှီ ဆေးကြောခြင်းကလဲ ပိုးသတ်ဆေးအကြွင်းအကျန်များကို လျှော့ချဖို့ အရေးကြီးပါတယ်။ ဘယ်လိုထိရောက်အောင်ဆေးကြောလို့ရမလဲဆိုတာကို ကျွန်တော်တို့ရဲ့ “အော်ဂဲနစ်မဟုတ်တဲ့ ဟင်းသီးဟင်းရွက်များနဲ့ သစ်သီးများကို ဘယ်လိုဆေးကြောမလဲ” ဆိုတဲ့ အကြောင်းအရာကို ဖတ်ရှုလို့ရပါတယ်။

သြစတြေးလျနိုင်ငံထွက် အောက်ပါအသီးအနှံများက ပိုးသတ်ဆေးအကြွင်းအကျန်အများဆုံးတွေ့ရှိရတာမို့ အခွင့်ရတိုင်း အောဂဲနစ်သီးနှံအမျိုးအစားများကို ၀ယ်ယူဖို့ဦးစားပေးသင့်ပါတယ်။  – ပန်းသီး၊ စတော်ဘယ်ရီ၊ သစ်တော်သီး၊ ဂျုံ၊ ဆလတ်ရွက်၊ ပျား၀တ်ရည်၊ မက်မွန်သီး

အော်ဂဲနစ်အသိအမှတ်ပြုတံဆိပ်ကို ရှိမရှိ အမြဲရှာဖွေပါ

ACO (Australian Certied Organic) ဟာ သြစတြေးလျနိုင်ငံရဲ့ အော်ဂဲနစ်နဲ့ ဇီ၀ထုတ်ကုန်ဆိုင်ရာ အကြီးဆုံးသောအသိအမှတ်ပြုအဖွဲ့အစည်းဖြစ်ပါတယ်

သြစတြေးလျနိုင်ငံအနေနဲ့ တစ်ကမ္ဘာလုံးရဲ့ ထက်၀က်ကျော်တဲ့ အော်ဂဲနစ်ထုတ်ကုန်များကို ထုတ်လုပ်နေပြီး အော်ဂဲနစ်အသိအမှတ်ပြုမှုရရှိဖို့ အချို့သော အတင်းကျပ်ဆုံးစမ်းသပ်နည်းစနစ်များကို ပိုင်ဆိုင်ထားပါတယ်။ ACO အနေနဲ့ ဘက်မလိုက်ပဲ သမာသမတ်ကျတဲ့အဆင့်အတန်းများအတွက် နိုင်ငံတကာအသိအမှတ်ပြုမှုကို ရရှိထားပါတယ်။

ကိုးကားချက်များ

  1. Barański, M., et al., Higher antioxidant and lower cadmium concentrations and lower incidence of pesticide residues in organically grown crops: a systematic literature review and meta-analyze. British Journal of Nutrition, 2014. 112(5): p. 794-811.
  2. Roberts, J.R., et al., Pesticide Exposure in Children. Pediatrics, 2012. 130(6): p. e1765-1788. 3. Koletzko, B., et al., Pesticides in dietary foods for infants and young children. Report of the Working Group on Pesticides in Baby Foods of the European Society for Paediatric Gastroenterology, Hepatology, and Nutrition (ESPGHAN). Archives of Disease in Childhood, 1999. 80(1): p. 91-92.
  3. https://aco.net.au/Pages/ABoutUs/about.aspx
  4. http://d3n8a8pro7vhmx.cloudfront.net/foe/legacy_url/378/TheDoseMakesThePoisonFeb2012_0.pdf?1471404362
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping