၈လ ကနေ ၁၀လသားရင်သွေးငယ်လေးတွေအတွက် အာဟာရအကြံပြုချက်များ

သင့်ရင်သွေးအသက်၈လပြည့်ပြီဆိုရင် စားစရာတွေကိုလက်နဲ့ကိုင်တွယ်ပြီးစားသုံးဖို့ အဆင်သင့်ဖြစ်နေပါပြီ။ အဲသလိုစားသုံးနိုင်တဲ့စားစရာတွေက နုညံ့ပြီး လှီးပြီးသား သေးငယ်တဲ့အရွယ်အစားရှိတာကြောင့် ၀ါးစားဖို့ သွားကောင်းကောင်းပေါက်ဖို့ မလိုပါဘူး။ သင့်ရင်သွေးရဲ့ သွားဖုံးဟာ အဲသလိုစားစရာတွေကို ၀ါးစားနိုင်ဖို့ လုံလောက်တဲ့ကြံခိုင်မှုရှိနေပြီဖြစ်နေမှာမို့ ပြဿနာမရှိပါဘူး။ သင့်ရင်သွေးငယ်လေးဘယ်လိုအခြေအနေမှာ အဆင်သင့်ဖြစ်နေပြီလဲဆိုတာ အောက်က အချက် ၅ ချက်ကို စောင့်ကြည့်ပြီး ဆုံဖြတ်လို့ရပါတယ်။

  • ခြေထားတဲ့စားစရာတွေကို သူတို့လေးရဲ့ သွားဖုံးနဲ့ ကောင်းကောင်း၀ါးနိုင်နေပြီ
  • လက်ညိုးနဲ့ လက်မကိုသုံးပြီး ကောင်းကောင်းကိုင်တွယ်ဆုတ်ကိုင်နိုင်နေပြီ
  • သူ့ဘာသာ အကူအညီမလိုပဲ ထထိုင်နိုင်နေပြီ
  • ပိုပြီးမာတဲ့ ဆုတ်ခြေထားတဲ့စားစရာတွေကို ပါးစပ်နဲ့ကောင်းကောင်း၀ါးနိုင်နေပြီ
  • အနှစ်ပုံစံပြုလုပ်ထားတဲ့/ ဆုတ်ခြေထားတဲ့စားစရာတွေကို မစားချင်တော့ဘူး

လက်နဲ့ကိုယ့်ဘာသာကိုင်တွယ်လို့ရတဲ့ စားစရာတွေကို ဘယ်လိုမိတ်ဆက်ပေးမလဲ

အောက်ပါစားစရာတွေနဲ့ သင့်ရင်သွေးကို စပြီးစားခိုင်းကြည့်လို့ရပါတယ်

  • လှီးထားပြီး ပျော့ပျောင်းတဲ့ သစ်သီးစိမ်းများ – ဖရဲသီး၊ ငှက်ပျော်သီး၊ ထောပတ်သီး
  • ကျက်အောင်ချက်ထားတဲ့ အစေ့အဆန်များ – ထမင်း၊ ခေါက်ဆွဲ၊ ပါ့စတာ
  • အချောင်းလိုက်ပြုလုပ်ထားတဲ့ ပေါင်မုန့်/ ပေါင်မုန့်ကင်
  • အချောင်းလိုက်ပြုလုပ်ထားတဲ့ ဒိန်ခဲ/ ချိစ်
  • စီရီရယ်များ
  • အထူးပြုလုပ်ထားတဲ့ ပျော့ပျောင်းတဲ့ ကလေးစား ဘီစကွတ်/ခရက်ကာများ

ဒါတွေနဲ့ ဗိုက်မ၀သေးဘူးဆိုရင် ကျန်သေးတယ်နော်

၈ လသားရင်သွေးငယ်တွေအနေနဲ့ ဒါတွေကိုလဲ စားလို့ရနေပါပြီ

  • အရိုးနွင်ပြီး ကောင်းစွာကျက်အောင်ချက်ထားတဲ့ အသားများ
  • တို့ဟူး
  • ကျက်အောင်ချက်ထားတဲ့ ပဲအမျိုးမျိုး – ပဲလေး၊ ကုလားပဲ၊ Pintos/ Black beans
  • ခြေထားတဲ့ သစ်သီးများ – မက်မွန်သီး၊ သစ်တော်သီး
  • ချက်ပြုတ်ပြီး ခြေထားတဲ့ ဟင်းသီးဟင်းရွက်များ – ဖရုံသီး၊ ကန်စွန်းဥ
  • သံဓာတ်ဖြည့်တင်းထားတဲ့ စီရီရယ်များ – ဘာလေ၊ ကွေကာအုပ်၊ အစရှိသည်၊
  • ကောင်းစွာကျက်အောင်ချက်ထားတဲ့ ဥ အမျိုးမျိုး
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping