ကျွန်တော်တို့အကြောင်း
Little Étoile Organic® ဟာ သက္ကရာဇ်၂၀၀၀ ကစပြီး တည်ရှိခဲ့တဲ့ သြစတြေးလျနိုင်ငံပိုင် သဘာ၀ကျန်းမာရေးကုမ္ပဏီဖြစ်တဲ့ Max Biocare ကတစ်ဆင့် မွေးဖွားလာတဲ့ ရင်သွေးငယ်ဖြစ်ပါတယ်။ အမျိုးသမီးနဲ့ ကလေးသူငယ်ကျန်းမာရေးမှာ အထူးပြုထားတာဖြစ်လို့ ရင်သွေးငယ်အစားအစာတွေကို ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေမှာစတင်ပါ၀င်လာစေတာဟာ သဘာ၀ကျတယ်မဟုတ်ပါလားခင်ဗျာ။
Little Étoile Organic® ထုတ်ကုန်အဖွဲ့ ကို ရင်သွေးသူငယ်လေးတွေရဲ့ ကျန်းမာရေး၊အာဟာရကို စိတ်အားထက်သန်တဲ့ သုသေသနပညာရှင်များ၊ အာဟာရပညာရှင်များဖြစ်တလဲ မိခင်၊ဖခင်များနဲ့ ပါ၀င်ဖွဲ့စည်းထားပါတယ်။
သန့်ရှင်စိတ်ချရတဲ့ပါ၀င်ပစ္စည်းများ၊ အာဟာရဓာတ်ပြည့်၀ပြီး ပျက်ယွင်းမှုမရှိစေဖို့နဲ့၊ ရေရှည်ထိန်းသိမ်းစောင့်ရှောက်မှုမှာပါ၀င်တဲ့ အော်ဂဲနစ်ပါ၀င်ပစ္စည်းများ ဖြစ်စေဖို့ ကျွန်တော်တို့အနေနဲ့ အလွန်ပင် အလေးပေးတန်ဖိုးထားပါတယ်။ အဆိုပါ တန်ဖိုးထားရှိမှုများနဲ့ ဆေး၀ါးထုတ်လုပ်မှုနယ်ပယ်က နှစ်ပေါင်းများစွာသော အတွေ့အကြုံများ ပေါင်းစပ်လိုက်တဲ့အခါ ကွာလတီ၊အရသာ၊အာဟာရတန်ဖိုးတွေကို နိမ့်ကျမသွားစေပဲ သြစတျေးလျမိဘတွေရဲ့ ဘ၀ကို ပိုမိုလွယ်ကူလာစေဖို့ တွန်းအားနဲ့ Little Étoile Organic® ကိုစပြီး အခြေတည်စေခဲ့ပါတယ်။