Important minerals for 6-12 month old babies
ရင်သွေးငယ်လေးတွေ အသက် ၆လမှ ဆက်ပြီး ကြီးထွားလာချိန်မှာ သူ့တို့ရဲ့ ကြီးထွားဖွံဖြိုးမှုအတွက် အသားဓာတ်၊ အဆီဓာတ်နဲ့၊ ကစီဓာတ်ကရတဲ့ Macronutrients လို့ခေါ်တဲ့ အာဟာရတွေအပြင် Micronutrients လို့ခေါ်တဲ့ အာဟာရဓာတ်တွေကိုပါ စုံလင်စွာရရှိဖို့ လိုအပ်လာပါတယ်။Macronutrients တွေက သူ့နာမည်အတိုင်းပဲ အမိုင်နိုအက်ဆစ်၊ သကြားဓာတ်၊ အဆီဓာတ်တွေကို ပမာဏများစွာထောက်ပံ့ပေးပြီး Micronutrients မှာ ဗီတာမင်၊ သတ္ထုဓာတ်တွေပါ၀င်ပြီး ခန္တာကိုယ်ရဲ့ တသျှူးများ ရင့်ကျက်လာအောင် ပြုလုပ်ပေးပါတယ်။ ပမာဏနည်းတယ်ဆိုပေမဲ့လည်း အရေးပါအရာရောက်ပုံကတော့ အတူတူပါပဲ။ ဥပမာအားဖြင့် တစ်မျိုးမျိုးသော သတ္ထုဓာတ်ချို့တဲ့နေတဲ့ ကလေးသူငယ်တွေဟာ ချို့တဲ့နည်းပါးတဲ့ သတ္ထုဓာတ်နဲ့ သက်ဆိုင်တဲ့ကျန်းမာရေးပြဿနာတွေကြုံတွေ့ရပါတယ်။ သတ္ထုဓာတ်ဆိုတာက အခြေခံကျတဲ့ဒြပ်စင်တစ်မျိုးဖြစ်ပြီး အရိုးရှင်းဆုံးပုံစံနဲ့ တည်ရှိနေတာဖြစ်ပါတယ်။ အစားအစာတွေအားလုံးမှာ သတ္ထုဓာတ် အနည်းနဲ့ အများတော့ ပါ၀င်လေ့ရှိပါတယ်။ တစ်ချို့က သဘာ၀အတိုင်းဖြစ်တည်လာတာပါ။ ဆိုဒီယမ်ဓာတ်ဆိုရင် ပင်လယ်ရေမှာ...
အသက် ၆လမှ ၁၂လ အတွင်းရင်သွေးငယ်လေးများအတွက် Macronutrients များ
အသက် ၄လ ကျော်ပြီး ၆လ လောက်ကစပြီး ရင်သွေးငယ်တွေကို ဖြည့်စွက်စာလို့သိကြတဲ့ အစာပျော့ပျော့တွေကို မိခင်နို့ပြတ်စေရန် အလေ့အကျင့်လုပ်ဖို့ စပြီးတိုက်ကျွေးကြပါတယ်။ ရင်သွေးငယ်တွေက ဇီ၀ကမ္မဆိုင်ရာနဲ့ ဆက်လက်ကြီးထွားဖို့ လိုအပ်ချက်အရ အဆင်သင့်ဖြစ်လာတဲ့အပြင် မိခင်နို့/ ဖော်မြူလာနို့မှုန့် တစ်မျိုးတည်းနဲ့ မလုံလောက်တော့တဲ့အတွက် အစာပျော့ပျော့တွေကို စတင်မိတ်ဆက်တိုက်ကျွေးဖို့ လိုအပ်လာပါတယ်။ ဥပမာပြရမယ်ဆိုရင် အစာခြေစနစ်ပိုမိုအားကောင်းလာပြီး အစာမာမာတွေကို စခြေလာနိုင်တယ်၊ ကြွက်သားများကြီးထွားလာတယ်၊ ကိုယ်ခံအားစနစ်ပိုမိုကောင်းမွန်လာပါတယ်။ ဒါ့အပြင် ပတ်၀န်းကျင်ကိုလေ့လာစပ်စုတတ်လာတယ်၊အသိဥာဏ်ဖွံဖြိုးလာတယ်၊ စကားစပြီးပြောတတ်၊အသံထွက်တတ်လာပြီး သူတို့ရဲ့ ဦးဏှောက်က ဆက်စပ်မှုကွန်ရက်တွေအသစ်အသစ်တွေ နေ့စဥ်တိုးပွားလာပါတယ်။ ဖြည့်စွက်အစားအစာတိုက်ကျွေးခြင်းကတစ်ဆင့်၊ အာဟာရပြည့်၀တဲ့ အစားအစာတွေကို ကိုယ့်ရင်သွေးငယ်ရဲ့ ဖွံဖြိုးကြီးထွားနေတဲ့ အခြေအနေကိုကြည့်ပြီး လိုအပ်သလို တိုက်ကျွေးလို့ရပါတယ်။ ရင်သွေးငယ်တွေတို့ အစားအစာပိုစားချင်လာတဲ့ အမူအကျင့်နဲ့ ကြီးထွားဖို့လိုအပ်တဲ့ ပမာဏအရ မျှတတဲ့ ပရိုတိန်း၊ အဆီဓာတ်နဲ့၊ ကစီဓာတ်တွေကို ပုံမှန်တိုက်ကျွေးဖို့လိုပါတယ်။ ကစီဓာတ်...