Blog

အော်ဂဲနစ်မဟုတ်တဲ့ သစ်သီးများနဲ့ ဟင်းသီးဟင်းရွက်တွေကနေ ပိုးသတ်ဆေးဘယ်လိုလျှော့ချမလဲ

အော်ဂဲနစ်သီးနှံတွေကို ၀ယ်ယူဖို့ မတတ်နိုင်ဘူးဆိုရင် ဟင်းသီးဟင်းရွက်တွေကို ဆိုဒီယမ်ကာဘွန်နိတ်ဆိုဒါနဲ့ ဆေးကြောပြီး ပိုးသတ်ဆေးပမာဏသိသိသာသာ လျှော့ချနိုင်ပါတယ်။

စိုက်ပျိုးမွေးမြူရေးနှင့် ဓာတုပညာဂျာနယ်မှ လေ့လာတွေ့ရှိချက်အရ သီးနှံထွက်ကုန်တွေကို စားဆိုဒါ ၃၀ ဂရမ်နဲ့ ရေ ၃ လီတာဖျော်ထားတဲ့ ဖျော်ရည်မှာ ၁၂-၁၅ မိနစ်ကြာစိမ်ထားခြင်းက အော်ဂဲနစ်မဟုတ်တဲ့ သီးနှံတွေရဲ့ ပိုးသတ်ဆေးပမာဏပါ၀င်မှုကို ထိရောက်စွာ လျှော့ချပေးနိုင်ပါတယ်။ ဆားနဲ့ ဗီနီဂါအချဥ်ရည် ကိုလည်းအသုံးပြုနိုင်ပေမဲ့ ဗီနီဂါက သင့်ရဲ့ သီးနှံအရသာကို ပြောင်းလဲစေနိုင်ပါတယ်။

အလုပ်ရှုပ်တဲ့ မိခင်တစ်ယောက်ရဲ့ နေ့စဥ်ဘ၀မှာ ဟင်းသီးဟင်းရွက်တွေကို ၁၅  မိနစ်ကြာဆေးကြောရတယ်ဆိုတာ မလွယ်ကူပါဘူး။ ဒါကြောင့် လွယ်ကူပြီးမြန်ဆန်တဲ့ နည်းလမ်းတစ်ချို့ကို အောက်မှာ ဖော်ပြပေးထားပါတယ်။

အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်များ

  • ဟင်းသီးဟင်းရွက်တွေကို အိုးတစ်လုံးမှာ ရေအပြည့်ဖြည့်ပြီး စိမ်ထားပါ
  • စားဆိုဒါ လက်ဖက်ရည်တစ်ဇွန်းထည့်ပြီး သမအောက်မွေပါ
  • ဟင်းသီးဟင်းရွက်တွေကို တစ်မိနှစ်ခန့်စိမ်ထားပြီး၊ ထုတ်ယူပြီး ခြောက်အောင်စက္ကူ (သို့) အမွေးအမျှင်မရှိတဲ့ ပ၀ါတစ်ခုနဲ့ထားပါ
  • လေလုံတဲ့အကန့်(သို့) အလုံပိတ်ဇစ်ပါတဲ့အိတ်နဲ့ ရေခဲသေတ္တာ ထဲမှာထားသိုတာက လတ်ဆတ်မှုကို ထိန်းသိမ်းထားဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်.

မှိုများ

  • ပျော့ပျောင်းတဲ့ သွားပွတ်တံနဲ့ မှိုတွေကို ဖြည်းညင်းစွာ ပွတ်တိုက်ပေးပါ
  • ဘုံဘိုင်ရေအောက်မှာ ခပ်မြန်မြန်လေး ဆေးကြောပါ
  • မီးဖိုချောင်သုံးပ၀ါ/ စက္ကူပ၀ါနဲ့ မှိုတွေကို ခြောက်သွေ့အောင် ဖွဖွလေးသုတ်ပေးပါ

အခွံပျော့တဲ့ သစ်သီးများနဲ့ အခြားဟင်းသီးဟင်းရွက်များ

  • အိုးခပ်ကြီးကြီးတစ်ခုယူပြီး ရေအပြည့်ဖြည့်ပါ
  • စားဆိုဒါ တစ်ဇွန်းထည့်ပါ
  • ဟင်းသီးဟင်းရွက်တွေကို ၁-၂ ခန့်စိမ်ထားပါ
  • ဘရပ်ရှက် နဲ့ ပွတ်တိုက်ပါ။ (သွားပွတ်တံအသစ် / သန့်ရှင်းရေးသုံးဘရပ်ရှက်အသေးတစ်မျိုးမျိုးကိုလဲ သုံးလို့ရပါတယ်)
  • ပြီးလျှင် ရေသန့်နှင့်ဆေးပါ

ဘယ်ရီအသီးများ

  • ချက်ချင်းစားမယ်လို့ရည်ရွယ်ခါမှ ဆေးကြောပါ
  • ဆေးပြီး သိမ်းထားတာက ပဋိဇီ၀ပိုးများ ပေါက်ဖွားဖို့အခွင့်အလမ်းပိုများစေပြီး ၀ယ်ပြီးတစ်ရက်လောက်ခန့်အကြာမှာ မှိုတက်သွားတာနဲ့ ကြုံရနိုင်ပါတယ်။

 

ကိုးကားချက်များ

  1. Yang, T., et al., Effectiveness of Commercial and Homemade Washing Agents in Removing Pesticide Residues on and in Apples. Journal of Agricultural and Food Chemistry, 2017. 65(44): p. 9744-9752.
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping