Important minerals for 6-12 month old babies

ရင်သွေးငယ်လေးတွေ အသက် ၆လမှ ဆက်ပြီး ကြီးထွားလာချိန်မှာ သူ့တို့ရဲ့ ကြီးထွားဖွံဖြိုးမှုအတွက် အသားဓာတ်၊ အဆီဓာတ်နဲ့၊ ကစီဓာတ်ကရတဲ့  Macronutrients လို့ခေါ်တဲ့ အာဟာရတွေအပြင် Micronutrients လို့ခေါ်တဲ့ အာဟာရဓာတ်တွေကိုပါ စုံလင်စွာရရှိဖို့ လိုအပ်လာပါတယ်။Macronutrients တွေက သူ့နာမည်အတိုင်းပဲ အမိုင်နိုအက်ဆစ်၊ သကြားဓာတ်၊ အဆီဓာတ်တွေကို ပမာဏများစွာထောက်ပံ့ပေးပြီး Micronutrients မှာ ဗီတာမင်၊ သတ္ထုဓာတ်တွေပါ၀င်ပြီး ခန္တာကိုယ်ရဲ့ တသျှူးများ ရင့်ကျက်လာအောင် ပြုလုပ်ပေးပါတယ်။  ပမာဏနည်းတယ်ဆိုပေမဲ့လည်း အရေးပါအရာရောက်ပုံကတော့ အတူတူပါပဲ။ ဥပမာအားဖြင့် တစ်မျိုးမျိုးသော သတ္ထုဓာတ်ချို့တဲ့နေတဲ့ ကလေးသူငယ်တွေဟာ ချို့တဲ့နည်းပါးတဲ့ သတ္ထုဓာတ်နဲ့ သက်ဆိုင်တဲ့ကျန်းမာရေးပြဿနာတွေကြုံတွေ့ရပါတယ်။

သတ္ထုဓာတ်ဆိုတာက အခြေခံကျတဲ့ဒြပ်စင်တစ်မျိုးဖြစ်ပြီး အရိုးရှင်းဆုံးပုံစံနဲ့ တည်ရှိနေတာဖြစ်ပါတယ်။ အစားအစာတွေအားလုံးမှာ သတ္ထုဓာတ် အနည်းနဲ့ အများတော့ ပါ၀င်လေ့ရှိပါတယ်။ တစ်ချို့က သဘာ၀အတိုင်းဖြစ်တည်လာတာပါ။ ဆိုဒီယမ်ဓာတ်ဆိုရင် ပင်လယ်ရေမှာ များစွာပါ၀င်နေပြီး၊ ကယ်လဆီယမ်ကျတော့ ထုံးနဲ့ ကြက်ဥအခွံမှာ ပါ၀င်ပါတယ်။ မိခင်နို့မှာတော့ ၆လနဲ့ အထက် ရင်သွေးငယ်တွေအတွက်လိုအပ်တဲ့ သတ္ထုဓာတ်တွေများစွာ ညီညွတ်မျှတစွာပါ၀င်ပြီး အထူးသဖြင့် ကယ်လဆီယမ်များစွာပါ၀င်ပါတယ်။

ကယ်လဆီယမ်

ကယ်လဆီယမ်က ခန္တာကိုယ်မှာ ပမာဏအများဆုံးပါ၀င်တဲ့ သတ္ထုဓာတ်ဖြစ်ပြီး ရင်သွေးငယ်တွေရဲ့ အရိုး၊ သွားဖွံဖြိုးမှု၊ ကြွက်သားတွေရဲ့ လုပ်ငန်းဆောင်တာကောင်းမွန်ဖို့နဲ့၊ အာရုံကြောစနစ်ကျန်းမာဖို့လိုအပ်ပါတယ်။ ဦးခေါင်းခွံရဲ့ အနောက်ပိုင်းအရိုးနုများကြီးထွားလာတဲ့အချိန်နဲ့ သွားစပြီးပေါက်လာတဲ့အခါ သွားဖုံးအစရှိတဲ့ အရိုးတွေရဲ့ မာကျောတဲ့အပိုင်းတွေမှာ ကယ်လဆီယမ်က အဓိကပါ၀င်ပါတယ်။ ကလေးတွေကို ဖြည့်စွက်အစားအစာတွေစပြီး တိုက်ကျွေးရာမှာ ကယ်လဆီယမ်ကို နွားနို့၊ ဒိန်ချဥ်၊ ချိစ် စတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကနေရရှိလာပါတယ်။ အဆိုပါ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို အသက် ၁၂ လ အောက် ရင်သွေးငယ်တွေကို အမြဲတမ်းသောက်စရာအဖြစ် မတိုက်ကျွေးသင့်ပေမဲ့ အလွယ်တကူနဲ့ ပမာဏများများရရှိနိုင်တဲ့ ကယ်လဆီယမ်အရင်းအမြစ်အနေနဲ့ သင့်တင့်မျှတတဲ့ ပမာဏနဲ့ အစားအစာ Diet မှာ ထည့်သွင်းသင့်ပါတယ်။ ကယ်လဆီယမ်မလုံလောက်တဲ့ အစားအစာတွေကတစ်ဆင့် အရိုးအကြောစနစ်ကြီးထွားမှုကို အနှောက်အယှက်ဖြစ်ပြီး ကျန်းမာရေးပြဿနာတွေဖြစ်လာစေနိုင်ပါတယ်။

သံဓာတ်

ကျန်းမာစွာမွေးဖွားလာတဲ့ ရင်သွေးငယ်တွေဟာ မွေးဖွားလာတဲ့အချိန်ကစပြီး ၄လကနေ ၆လအထိ ကိုယ်ခန္တာမှာ သံဓာတ်လုံလောက်စွာပါရှိလာပါတယ်။ ဒါက မိခင်၀မ်းတွင်းတုန်းကမိခင်ရဲ့ အချင်းကတစ်ဆင့် ရရှိထားတာပါ။ သံဓာတ်က သွေးနီဥနဲ့ ကြွက်သားတွေမှာ များပြားစွာပါ၀င်ပြီး ၎င်းကတစ်ဆင့် သွေးတွင်း အောက်ဆီဂျင်ကို ပို့ဆောင်ပေးပါတယ်။ ကလေးတွေရဲ့ အသက် ၄ လ လောက်ကစပြီး ခန္တာကိုယ်တစ်သျှူးများအလျင်အမြန်ကြီးထွားလာပြီး သွေးပမာဏလည်း အလားတူများပြားလာလို့ သံဓာတ်က တစ်ဖြည်းဖြည်းနဲ့ ကျဆင်းလာပါတယ်။ လိုအပ်လာတဲ့သံဓာတ်ကို မိခင်နို့မှာ လက်တိုဖယ်ရိတင်အနေနဲ့ အချို့တစ်၀က်ပြန်လည်ရှိပေမဲ့ အများစုကိုတော့ မိခင်နို့စဖြတ်ပြီး အပြင်ဖြည့်စွက်စာစတင်တိုက်ကျွေးတဲ့အခါပါ၀င်လာတဲ့ ဥအမျိုးမျိုး၊ အနီရောင်ရှိသော အသားများ၊ အစရှိတဲ့ အသားဓာတ်အရင်းအမြစ်တွေကနေရရှိပါတယ်။

ဇင့်ဓာတ်

ဇင့်ဓာတ်က ကြွက်သားတစ်သျှူးကြီးထွားဖို့၊ သွေးနီဥများ ဆက်လက်ထုတ်လုပ်နိုင်ဖို့၊ ကိုယ်ခံအားကောင်းမွန်ဖို့နဲ့ ဦးဏှောက်ဖွံဖြိုးရင့်ကျက်လာဖို့ အလွန်အရေးပါတဲ့ သတ္ထုဓာတ်ဖြစ်ပါတယ်။ ကြီးထွားနေတဲ့ အရိုးများရဲ့ ပျော့ပျောင်းတဲ့အစိတ်အပိုင်းများမှာလိုအပ်တဲ့ ကော်လဂျင်ဖြစ်တည်လာဖို့လည်း လိုအပ်ပါတယ်။  ဇင့်နဲ့ပတ်သက်ပြီး အံ့သြဖွယ်ကောင်းတဲ့အချက်က တစ်သျှူးတိုင်းမှာ တိုးပွားလာနေတဲ့ ဆဲလ်တွေနဲ့  Macronutrients တွေကနေ စွမ်းအားထုတ်ယူတဲ့ဆဲလ်အစိတ်အပိုင်းတွေကို ထိန်းချုပ်တဲ့နေရာမျာ ပါ၀င်ပါတယ်။ ပရိုတိန်းနဲ့ ကစီဓာတ်တွေနဲ့အတူ နေ့စဥ်ခန္တာကိုယ်ကြီးထွားတဲ့ဖြစ်စဥ်များမှာပါ၀င်ပါတယ်။ ဒါကြောင့် အသက် ၆-၁၂ လ အတွင်း ဇင့်ဓာတ်ချို့တဲ့ခြင်းက အစားအသောက်ပျက်၊ ကြီးထွားမှုကိုနှေးကွေးစေပြီး၊ ကိုယ်ခံအားကိုကျဆင်းစေတဲ့အတွက် ဖျားနာတာတွေပိုမိုဖြစ်လွယ်စေပါတယ်။ ဖြည့်စွတ်အစာတွေစပြီးကျွေးတဲ့အချိန်ကာလမှာ အသားငါးထွက်ကုန်တွေက ဇင့်ဓာတ်ပါ၀င်မှုနဲ့ ဇီ၀ကမ္မဓာတ်အပြည့်အ၀ရရှိစေဖို့ အကောင်းဆုံးသော အရင်းအမြစ်တွေဖြစ်ပါတယ်.

အနှစ်ချုပ်

သတ္ထုဓာတ်တွေဟာ အစားအစာနဲ့ ခန္တာကိုယ်ပေါ်မှာပမာဏအနည်းငယ်သာတွေ့ရှိနိုင်တဲ့ Micronutrients တွေဖြစ်ပေမဲ့ ရင်သွေးငယ်တွေရဲ့ ကျန်းမာရေးအတွက် မရှိမဖြစ်အရေးကြီးပါတယ်။ Micronutrients တွေအနေနဲ့ Macronutrients တွေကနေအာဟာရရှိဖို့အကူအညီပေးပြီး ခန္တာကိုယ်ကြီးထွားလာဖို့ အရေးပါတဲ့ အခန်းကဏ္ဍကနေပါ၀င်ပါတယ်။

ကိုးကားချက်များ

  • https://kidshealth.org/en/parents/iron.html
  • https://www.rch.org.au/kidsinfo/fact_sheets/Nutrition_babies_toddlers/
  • https://www.who.int/elena/bbc/zinc_stunting/en/
  • Specker et al. 2004 https://academic.oup.com/jn/article/134/3/691S/4688688
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping