Our star quality
is what makes us shine

Little Étoile မှာ ကျွန်တော်တို့အနေနဲ့ အသိအမှတ်ပြုလက်မှတ်ရထားတဲ့ ထောက်ပံ့သူများကတစ်ဆင့် အရည်အသွေးကောင်းမွန်တဲ့ အော်ဂဲနစ်ပါ၀င်ပစ္စည်းများကို ရယူဖို့သာမဟုတ်ပဲ ဓာတ်မတည့်ပစ္စည်းများ၊ အဆိပ်အတောက်များပါ၀င်မှုကို အသေးစိတ်စစ်ဆေးပြီး အာဟာရပြည့်၀စွာပါ၀င်စေဖို့နဲ့ သင့်ရင်သွေးငယ်များအတွက် ယုံကြည်စိတ်ချရသောထုတ်ကုန်များဖြစ်စေဖို့ အလေးပေးဆောင်ရွက်လျှက်ရှိပါတယ်။ တင်းကြပ်တဲ့ ကွာလတီထိန်းချုပ်မှုစနစ်ကြောင့် ပါ၀င်ပစ္စည်းများနဲ့ ထုတ်ကုန်အရည်အသွေး၊ စိတ်ချရမှုတို့ကို ထိန်းချုပ်ထားပြီး စိုက်ခင်းကအစ အစာအိတ်အဆင့်ဖြစ်လာတဲ့အထိ စနစ်တကျစစ်ဆေးထားရှိပါတယ်။

ဓာတ်မတည့်ပစ္စည်းများလည်း မပါ၀င်ပါဘူး

ဓာတ်မတည့်စေတဲ့ပစ္စည်းများပါ၀င်ရှိမရှိက ဘာကြောင့်အရေးပါသလဲ

ဓာတ်မတည့်တဲ့ရောဂါခံစားနေရတဲ့သူတွေအတွက်တော့ ဒါဟာကြောက်စရာကောင်းပြီး၊ တစ်ခါတစ်ရံမှာ အသက်ပင် ဆုံးရှုံးနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။

  • သြစတြေးလျနိုင်ငံမှာ ကလေးသူငယ် ၁၀ဦးမှာ ၁ဦးက အစားအစာဓာတ်မတည့်တဲ့ ရောဂါကိုခံစားနေရပါတယ်
  • ရင်သွေးငယ်တွေအတွက်တော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာပဲ အစားအစာဓာတ်မတည့်လို့ ဆေးရုံတက်ရတဲ့ ပမာဏက ၅ ဆအထိ မြင့်မားလာခဲ့ပါတယ်။

သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတွေမှာ၊ Gluten ပါ၀င်မှုမရှိကြောင်းစစ်ဆေးမှုကလွဲလို့ အခြားဓာတ်မတည့်မှုစစ်ဆေးခြင်းများကို ကန့်သတ်စစ်ဆေးထားခြင်းမရှိတဲ့အပြင် ရင်သွေးငယ်အစားအစာတွေအပေါ်မှာ ဓာတ်မတည့်ပစ္စည်းပါ၀င်မှုကို ပြည့်ပြည့်စုံစုံစစ်ဆေးထားခြင်းမရှိတာကို အံ့အားသင့်စွာတွေ့ရှိရပါတယ်။

  • ၂၀၁၈ ခုနှစ်က သြစတြေးလျနိုင်ငံမှ ဓာတ်မတည့်ရောဂါခံစားရသူများကို လေ့လာချက်အရ ၊ ၆.၇ ရာခိုင်နှုန်းသော ဓာတ်မတည့်မှုများက ထုတ်ပိုးထားသောအစားအစာတွေထဲမှာ ဒီလိုဓာတ်မတည့်ပစ္စည်းပါ၀င်ပါတယ်လို့ ဖော်ပြထားခြင်းမရှိတဲ့ ပါ၀င်တဲ့ ဓာတ်မတည့်ပစ္စည်းကြောင့် ဖြစ်ရတာဖြစ်ပါတယ်။ အဆိုပါဓာတ်မတည့်မှုများရဲ့ ၅၄ ရာခိုင်နှုန်းက ဒီလိုဓာတ်မတည့်မှုဖြစ်စေနိုင်ပါတယ်ဆိုတဲ့ သတိပေးချက်ထည့်သွင်းထားခြင်းမရှိတဲ့ အစားအစာတွေကြောင့်ဖြစ်ရတာပါ။

ကျွန်တော်တို့ရဲ့ထုတ်ကုန်အသုတ်တိုင်းကို စစ်ဆေးပါတယ်

အန္တရာယ်ဖြစ်နိုင်ခြေကာကွယ်ဖို့နဲ့ ရှင်းလင်းတိကျတဲ့ အစားအစာတံဆိပ်ကပ်ဖို့က အစားအစာစိတ်ချရမှုမှာ လုပ်ကိုလုပ်ရမယ့် ကျွန်တော်တို့ရဲ့ တာ၀န်ဖြစ်တယ်လို့ သဘောထားပါတယ်။ The Allergen Bureau’s VITAL ® program (Voluntary Incidental Trace Allergen Labelling) ဓာတ်မတည့်မှုဗျူရိုရဲ့ တင်းကြပ်တဲ့ဓာတ်မတည့်မှုစီမံခန့်ခွဲမှုအစီအစဥ်မှာ တိကျစွာလိုက်နာပါ၀င်ပါတယ်။ ဒါ့အပြင် အရည်အသွေးနဲ့ စိတ်ချရမှုတန်ဖိုးတွေကို အခြေခံထားတဲ့ ကျန်းမာရေးဆိုင်ရာကုမ္ပဏီတစ်ခုဖြစ်တဲ့အားလျော်စွာ ခြေလှမ်းတစ်ခုပိုလျှောက်ပြီး အဖြစ်အများဆုံးဓာတ်မတည့်ပစ္စည်းတွေကို ထုတ်ကုန်အသုတ်တိုင်းမှာစစ်ဆေးခြင်းအားဖြင့် သြစတြေးလျနိုင်ငံတစ်၀ှမ်းမှာရှိတဲ့ မိသားစုတွေကို စိတ်အေးချမ်းမှုပေးစွမ်းနိုင်ဖို့ ဆုံးဖြတ်ထားပါတယ်.

ကျွန်တော်တို့စစ်ဆေးသော ဓာတ်မတည့်ပစ္စည်းများ

ဥအမျိုးမျိုး၊ Gluten ၊ နို့ (နို့ပေါင်းတွင်လွဲ၍) ၊မြေပဲ၊ ပဲပုတ်၊ Crustacea၊ နှမ်း၊ . – *Based on list by the Australian & NZ Food Authority – FSANZ. ⁴

References

  1. Australasian Society of Clinical Immunology and Allergy (ASCIA) (2019). Food Allergy. Available at https://www.allergy.org.au/images/pcc/ASCIA_PCC_Food_Allergy_2019.pdf
  2. Giovanni A. Zurzolo et al. Self-reported anaphylaxis to packaged foods in Australia, The Journal of Allergy and Clinical Immunology: In Practice (2018). DOI: 10.1016/j.jaip.2018.09.006
  3. Allergen Bureau. The VITAL program. Available at http://allergenbureau.net/vital/
  4. Food Standards Australia New Zealand (2019). Food allergies and food intolerances. Available at https://www.foodstandards.gov.au/consumer/foodallergies/allergies/Pages/default.aspx

ကျွန်တော်တို့ရဲ့ထုတ်ကုန်တွေက အော်ဂဲနစ်ဖြစ်ရုံပဲမဟုတ်ပဲ Heavy Metal ပါ၀င်မှုကိုလည်း စစ်ဆေးထားပါတယ်

ဘာကြောင့် Heavy Metals တွေက စိတ်သောကရောက်စေရတာလဲ

United States နိုင်ငံက လတ်တလောအတွင်းလေ့လာတွေ့ရှိချက်အရ ရင်သွေးအစားအစာအမှတ်တံဆိပ် ၁၆၈ မျိုးအတွင်းမှာ ၉၅ ရာခိုင်းနှုန်းသော ထုတ်ကုန်တွေက မာကျူရီ၊ ခဲ၊ အာဆင်းနစ်၊ ကေဒီယမ်အစရှိတဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ Heavy metals တွေပါ၀င်နေတာတွေ့ရှိရပါတယ်။

စိတ်မကောင်းစရာအခြေအနေကတော့ အော်ဂဲနစ် (သို့) ကိုယ့်ရင်သွေးငယ်ရဲ့အစားအစာတွေကို မိမိဘာသာပြုလုပ်ခြင်းကက ဒီအန္တရာယ်ကို လျှော့ချပေးမှာတော့မဟုတ်ပါဘူး။ Heavy metals တွေကပတ်၀န်းကျင်မှာ အနည်းအကျင်းတော့ သဘာ၀အတိုင်းတည်ရှိနေပြီး အချို့သောသစ်သီး၀လံတွေက မြေဆီက (သို့) ရေက ပိုမိုစုတ်ယူထားလေ့ရှိပါတယ်။ အချို့သောလေ့လာချက်များအရ အော်ဂဲနစ်ရင်သွေးအစားအစာတွေကိုစစ်ဆေးရာမှာ ရှိသင့်တာထက် ၆ ဆ ကျော်ပိုမိုရောနှောပါ၀င်နေတာကို တွေ့ရှိရပါတယ်။ ဒီလိုတွေ့ရှိချက်တွေကို US နဲ့ UK တစ်၀ှမ်းက အခြားသောသုတေသနများမှာ အလားတူတွေ့ရှိနေရပေမဲ့၊ သြစတြေးလျနိုင်ငံမှာတော့ ဒီလိုဖြစ်ရပ်တွေက ပုံမှန်စုံစမ်းစစ်ဆေးခြင်းမရှိတာတွေ့ရှိရပါတယ်။

“ရင်သွေးငယ်လေးတွေက အဆိပ်အတောက်တွေကို သိသိသာသာပဲခံနိုင်ရည်မရှိပါဘူး။ ဒါကဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ ကိုယ်ခန္တာတွေက ကြီးထွားဖွံဖြိုးဆဲမို့ အဆိပ်အတောက်တွေကို စွန့်ထုတ်နိုင်ခြင်းအားနည်းနေသေးလို့ဖြစ်ပါတယ်” – – ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကြီး

Metals တွေက ပမာဏနည်းနည်းနဲ့ ကိုယ်ခန္တာ၊ အထူးသဖြင့် ဦးဏှောက် မှာ လာရောက်စု၀ေးနေကြလို့ ဒါက ဦးဏှောက် ဖွံဖြိုးနေဆဲရင်သွေးငယ်တွေအတွက် အထူးစိုးရိမ်ပူပန်ဖွယ်ရာပဲဖြစ်ပါတယ်။ ငယ်ရွယ်စဥ်မှာ Heavy metals တွေကို ပမာဏနည်းနည်းနဲ့အမြဲထိတွေ့နေရခြင်းက နောင်အခါမှာ မှတ်ဥာဏ်ရောဂါများ၊ အမူအကျင့်နဲ့ လေ့လာသင်ယူမှုအားနည်းစေခြင်းအစရှိတဲ့ ကျန်းမာရေးပြဿနာများဖြစ်နိုင်ခြေကို မြင့်မားလာစေပါတယ်။

ကျွန်တော်တို့ရဲ့ထုတ်ကုန်အသုတ်တိုင်းကို စစ်ဆေးပါတယ်

ကျွန်တော်တို့ရဲ့ထုတ်ကုန်တွေကို စတင်အခြေပြုခဲ့စဥ်တုန်းက သြစတြေးလျနိုင်ငံအနေနဲ့ ရင်သွေးအစားအစာတွေမှာ Heavy Metals ပါ၀င်မှုကို ထိန်းချုပ်ထားခြင်းမရှိသလို၊ အနည်းဆုံးပါ၀င်ရမဲ့ပမာဏသတ်မှတ်ချက်ကို တရား၀င်သတ်မှတ်ထားခြင်းမရှိတာကို အံ့အားသင့်စွာတွေ့ရှိခဲ့ရပါတယ် (ရင်သွေးနို့မှုန့်တွင်ပါ၀င်သည့် ခဲဓာတ်မှလွဲ၍)။ အခုလည်း ဘယ်သူကမှ စစ်ဆေးမှုရှိကြောင်းကြေငြာမှုလဲ မရှိပါဘူး။ ဒီလိုညစ်ညမ်းပစ္စည်းပါ၀င်နေမှုတွေရဲ့ ကျန်းမာရေးဆိုးကျိုးတွေက အချိန်ကြာရှည်မှ တစ်ဖြည်းဖြည်းဖြစ်ပေါ်လာတာဖြစ်လို့ ပြည်သူ့ကျန်းမာရေးဦးစားပေးပြဿနာမဟုတ်လို့  ရင်သွေးအစားအစာထုတ်လုပ်သူတွေရဲ့ ဦိးစားပေးစာရင်းမှာ မပါ၀င်တာဖြစ်နိုင်ပါတယ်.

Heavy metals တွေရဲ့ အနည်းဆုံးပါ၀င်ရမဲ့ပမာဏကို သတ်မှတ်ထားတာမရှိတဲ့အတွက် ကျွန်တော်တို့အနေနဲ့ မိမိဘာသာလုပ်ဆောင်ဖို့လိုအပ်ကြောင်းသိရှိလာခဲ့ရပါတယ်။ ဒါကြောင့် ရင်သွေးငယ်တွေကို ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေကိုစားသုံးရာမှာ အန္တရာယ်အရှိဆုံးဖြစ်တဲ့ မာကျူရီ၊ ခဲ၊ အာဆင်းနစ်၊ ကေဒီယမ် Heavy Metals တွေရဲ့အန္တရာယ်တွေနဲ့ ထိတွေ့မှုမရှိစေဖို့ ထုတ်ကုန်တိုင်းကို စစ်ဆေးဖို့ ဆုံးဖြတ်ထားပါတယ်။

References

  1. Jane Houlihan, MSCE, and Charlotte Brody, RN, Healthy Babies Bright Future (2019). What’s in my baby’s food? A national investigation finds 95 percent of baby foods tested contain toxic chemicals that lower babies’ IQ, including arsenic and lead. Healthy Babies Bright Futures. Available at https://www.healthybabyfood.org/sites/healthybabyfoods.org/files/2019-10/BabyFoodReport_FULLREPORT_
    Brian P. Jackson et al. (2012). Arsenic, Organic Foods, and Brown Rice Syrup, Environmental Health Perspectives, volume 120, issue 5, 2012, pages 623–626, ISSN 0091-6765, doi 10.1289/ehp.1104619 on.
  2. Gardener H, Bowen J, Callan SP. Lead and cadmium contamination in a large sample of United States infant formulas and baby foods. Sci Total Environ. 2019;651(Pt 1):822‐827. doi:10.1016/j.scitotenv.2018.09.026
  3. Vella C, Attard E. Consumption of Minerals, Toxic Metals and
  4. Hydroxymethylfurfural: Analysis of Infant Foods and Formulae. Toxics. 2019;7(2):33. Published 2019 Jun 8. doi:10.3390/toxics7020033
  5. World Health Organisation (2018). Childrens Health and the Environment. Available at  https://www.who.int/ceh/capacity/Children_are_not_little_adults.pdf
  6. Food Standards Australia New Zealand. Australia New Zealand Food Standards Code – Standard 2.9.2- Food for Infants. Canberra: FSANZ; 2012.

ကျွန်တော်တို့အနေနဲ့ အာဟာရပါ၀င်မှုနဲ့ပတ်သက်ပြီး မှန်ကန်တိကျမှုရှိပါတယ်

အာဟာရပါ၀င်မှု ဖော်ပြခြင်း

အာဟာရပါ၀င်မှု ဖော်ပြခြင်းတွေကို အစားအစာတွေရဲ့ အမှတ်တံဆိပ်မှာထည့်သွင်းလေ့ရှိပါတယ်။ အစားအစာအာဏာပိုင်အနေနဲ့ “ပါ၀င်မှုအရင်းအမြစ်ဖြစ်ကြောင်း” (သို့) “ကောင်းမွန်တဲ့အရင်းအမြစ်ဖြစ်ကြောင်း” ဖော်ပြချက် နှစ်မျိုးနဲ့ဖော်ပြခွင့်ပေးထားပြီး ဒါကို သတ်မှတ်ထားတဲ့အာဟာရဓာတ်ပါ၀င်မှုအဆင့်အတန်းမှီမှသာ ဖော်ပြခွင့်ရှိတာဖြစ်ပါတယ်။ ဥပမာအားဖြင့် “ကယ်လဆီယမ်ပါရှိကြောင်း” ဖော်ပြချက်တွေက အဆိုပါအာဟာရဓာတ်က ပမာဏနည်းနည်းပဲပါ၀င်နေတာဖြစ်ပြီး သတ်မှတ်ထားတဲ့အာဟာရဓာတ်ပါ၀င်မှုအဆင့်အတန်းကို ဖြည့်ဆည်းနိုင်လေ့မရှိပါဘူး။

အာဟာရပါ၀င်မှုအချက်အလက် ဖော်ပြချက်များ

အစားအစာထုတ်ကုန်တိုင်းမှာ အဓိကပါ၀င်တဲ့ အာဟာရပါ၀င်မှုအချက်အလက်တွေကိုဖော်ပြဖို့က ပါ၀င်ရမည့်လိုအပ်ချက်ဖြစ်ပါတယ်။ ဒါပေမဲ့ အစားအစာကုမ္ပဏီအများစုက ပါ၀င်နိုင်ခြေရှိတဲ့ တန်ဖိုးတွေကို သူတို့ရဲ့အချက်အလက်ဒေတာဗေ့စ်က တိုက်ရိုက်ယူထားတာဖြစ်လို့ အမြဲတန်းမှန်ကန်နေဖို့ဆိုတာမဖြစ်နိုင့်ပါဘူး။ ဒါကို ခွင့်ပြုထားပေမဲ့ အကောင်းဆုံးသော အလေ့အကျင့်မဟုတ်သလို ကျွန်တော်တို့အတွက် ကောင်းမွန်လုံလောက်မှုမရှိပါဘူး။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ထုတ်ကုန်တိုင်းကို အသိအမှတ်ပြုလက်မှတ်ရပြီး ဓာတ်ခွဲခန်းမှာ အာဟာရဓာတ်ပါ၀င်မှုကို တိတိကျကျစစ်ဆေးထားရခြင်းဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေမှာဖော်ပြထားတဲ့ အာဟာရတန်ဖိုးတွေက စျေးကွက်အတွင်း စတင်ဖြန်၀ေချိန်နဲ့ လတ်လတ်ဆတ်ဆတ်ထုတ်လုပ်ပြီးချိန်မှာသာ စစ်ဆေးထားခြင်းမဟုတ်ပဲ ထုတ်ကုန်ရဲ့ သက်တမ်းကာလတစ်လျှောက်လုံးမှာ ကျွန်တော်တို့ရဲ့ အလုံးစုံတည်ငြိမ်မှုစစ်ဆေးခြင်းအစီအစဥ်ရဲ့ တစ်စိတ်တစ်ဒေသအနေနဲ့ ပုံမှန်စစ်ဆေးပါတယ်။ Little Étoile Organic နဲ့ဆိုရင် သင့်ရင်သွေးရရှိနေတဲ့ အာဟာရအပေါ်ယုံယုံကြည်ကြည်စိတ်ချထားလို့ရပါတယ်။

References

  1. Australia New Zealand Food Standards Code. Available at https://www.legislation.gov.au/Details/F2017C00333. Schedule 19.
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping