အသက် ၆လမှ ၁၂လ အတွင်းရင်သွေးငယ်လေးများအတွက် Macronutrients များ

အသက် ၄လ ကျော်ပြီး  ၆လ လောက်ကစပြီး  ရင်သွေးငယ်တွေကို ဖြည့်စွက်စာလို့သိကြတဲ့ အစာပျော့ပျော့တွေကို မိခင်နို့ပြတ်စေရန် အလေ့အကျင့်လုပ်ဖို့ စပြီးတိုက်ကျွေးကြပါတယ်။ ရင်သွေးငယ်တွေက ဇီ၀ကမ္မဆိုင်ရာနဲ့ ဆက်လက်ကြီးထွားဖို့ လိုအပ်ချက်အရ အဆင်သင့်ဖြစ်လာတဲ့အပြင် မိခင်နို့/ ဖော်မြူလာနို့မှုန့် တစ်မျိုးတည်းနဲ့ မလုံလောက်တော့တဲ့အတွက် အစာပျော့ပျော့တွေကို စတင်မိတ်ဆက်တိုက်ကျွေးဖို့ လိုအပ်လာပါတယ်။ ဥပမာပြရမယ်ဆိုရင် အစာခြေစနစ်ပိုမိုအားကောင်းလာပြီး အစာမာမာတွေကို စခြေလာနိုင်တယ်၊ ကြွက်သားများကြီးထွားလာတယ်၊ ကိုယ်ခံအားစနစ်ပိုမိုကောင်းမွန်လာပါတယ်။ ဒါ့အပြင် ပတ်၀န်းကျင်ကိုလေ့လာစပ်စုတတ်လာတယ်၊အသိဥာဏ်ဖွံဖြိုးလာတယ်၊ စကားစပြီးပြောတတ်၊အသံထွက်တတ်လာပြီး သူတို့ရဲ့ ဦးဏှောက်က ဆက်စပ်မှုကွန်ရက်တွေအသစ်အသစ်တွေ နေ့စဥ်တိုးပွားလာပါတယ်။

ဖြည့်စွက်အစားအစာတိုက်ကျွေးခြင်းကတစ်ဆင့်၊ အာဟာရပြည့်၀တဲ့ အစားအစာတွေကို ကိုယ့်ရင်သွေးငယ်ရဲ့ ဖွံဖြိုးကြီးထွားနေတဲ့ အခြေအနေကိုကြည့်ပြီး လိုအပ်သလို တိုက်ကျွေးလို့ရပါတယ်။ ရင်သွေးငယ်တွေတို့ အစားအစာပိုစားချင်လာတဲ့ အမူအကျင့်နဲ့ ကြီးထွားဖို့လိုအပ်တဲ့ ပမာဏအရ မျှတတဲ့ ပရိုတိန်း၊ အဆီဓာတ်နဲ့၊ ကစီဓာတ်တွေကို ပုံမှန်တိုက်ကျွေးဖို့လိုပါတယ်။

ကစီဓာတ်

ကစီဓာတ်ဆိုရာမှာ ဖွဲ့စည်းပုံ ရိုးရှင်းတဲ့သကြားအမျိုးအစားနဲ့၊ ရှုပ်ထွေးတဲ့ သကြားအမျိုးအစားပါ၀င်ပါတယ်။ ကစီဓာတ်က ကိုယ်ခန္တာရဲ့ ကိုယ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာလုပ်ငန်းဆောင်တာတွေအားလုံးရဲ့ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးပါတယ်။ မိခင်နို့က လက်တို့စ်နဲ့ ဂလက်တို့စ်လို့ခေါ်တဲ့ လိုအပ်လျှင် ဂလူးကို့စ်ကိုချက်ချင်းပြောင်းလို့ရတဲ့ ရိုးရှင်းတဲ့ သကြားအမျိုးအစားတွေကို ထောက်ပံ့ပေးတဲ့အပြင် ရင်သွေးငယ်တို့ရဲ့ ကြီးထွားနေတဲ့ အစာလမ်းကြောင်းက မရှိမဖြစ် ပဏ္ဍိဇီ၀ပိုးမွှားတွေကို ထောက်ပံ့ပါတယ်။  ဖြည့်စွက်အစာမှာပါတဲ့ စီရီရယ်အမျိုးအစား (ဆန်၊ ကွေကာအုပ်)၊ သစ်သီးများ (ပန်းသီး၊ငှက်ပျော) နဲ့ ဟင်းသီးဟင်းရွက် (ကန်စွန်းဥချို၊ မုန်လာဥ)၊ အစရှိတာတွေမှာ ရှုပ်ထွေးတဲ့ ကစီဓာတ်သကြားများပါ၀င်ပြီး စွမ်းအင်ကိုအချိန်ကြာကြာထောက်ပံ့ပေးနိုင်တဲ့အပြင် အစာခြေရာမှာ ပိုမိုလွယ်ကူစေဖို့ အမျှင်ဓာတ်လည်း ပေးစွမ်းနိုင်ပါတယ်။ ရင်သွေးငယ်တွေရဲ့ အသက် ၆ လ နောက်ပိုင်း ကစီဓာတ်လိုအပ်ချက်ကို မိခင်နို့/ဖော်မြူလာနို့မှုန့်နဲ့ ဖြည့်စွက်စာတွေပေါင်းစည်းပြီး လုံလောက်စွာ ထောက်ပံ့ပေးနိုင်ပါတယ်။

အဆီဓာတ်

အဆီဓာတ်က ရင်သွေးငယ်လေးများအတွက် အဓိကစွမ်းအင်အရင်းအမြစ်တစ်ခုဖြစ်ပြီး၊ ဦးဏှောက်နဲ့ မျက်စိကြီးထွားဖွံဖြိုးဖို့နဲ့ ကိုယ်ခံအားကောင်းမွန်ပြီး ရောဂါပိုးမွှား၀င်ရောက်မှုကို တွန်းလှန်နိုင်ဖို့ အတွက် လိုအပ်ပါတယ်။ အဆီဓာတ်က ကစီဓာတ်ထက် ကယ်လိုရီစွမ်းအင် ၆ဆ ပိုမိုများပြားပါတယ်။ လူကြီးတွေနဲ့ ကလေးတွေကွာခြားချက်က ကလေးတွေမှာ သိုလှောင်ထားတဲ့ အဆီဓာတ်ပိုမိုများပြားပြီး ကိုယ်ခန္တာက အပူဆုံးရှုံးမှုကို လျှော့ချပေးပါတယ်။ မိခင်နို့မှာ အဆီဓာတ်က အိုမီဂါ-၃ နဲ့အိုမီဂါ-၆ ဖက်တီးအက်ဆစ်အနေနဲ့ ပါ၀င်ပြီး ဒါကို အူလမ်းကြောင်းက လွယ်လင့်တကူ စုပ်ယူနိုင်ပါတယ်။ အစာတွေကို စပြီးတိုးကျွေးလာတဲ့အခါ ကြက်သား၊ အသားအမျိုးမျိုး၊ နို့ထွက်ပစ္စည်းအမျိုးမျိုး၊ ဥအမျိုးမျိုး၊ ဆီအမျိုးမျိုးမှတစ်ဆင့် ကွဲပြားတဲ့ အဆီဓာတ်ဖက်တီးအက်ဆစ်တွေကို ကြီးထွားနေတဲ့တစ်သျှူးများကစတင်ရရှိပါတယ်။

ပရိုတိန်း

ပရိုတိန်း/အသားဓာတ်က ရင်သွေးငယ်တွေရဲ့ တစ်သျှူးများဖြစ်ပေါ်ခြင်း၊ထိန်းသိမ်းခြင်းနဲ့ ပြန်လည်ပြုပြင်ခြင်း၊ အရေးကြီးတဲ့ အင်ဇိုင်းများ၊ဟော်မုန်းများ ပြုလုပ်ဖို့ အရေးပါ ပါတယ်။ ဘယ်အချိန်မှာ ပရိုတိန်းကို အလိုအပ်ဆုံးလည်းဆိုရင် ကြွက်သားများကြီးထွားတဲ့အချိန်မှာဖြစ်ပါတယ်။ ပရိုတိန်းကို ပိုမိုသေးငယ်တဲ့ အသားမျှင်ဓာတ်/ အမိုင်နိုအက်ဆစ် အဖြစ်ပြန်လည်ခွဲထုတ်ပြီး အသစ်ဖြစ်ပေါ်နေတဲ့ အရေပြား၊ သွေး စတာတွေမှာ ပါ၀င်ဖြစ်တည်ကြပါတယ်။  ရင်သွေးငယ်အသက် ၆ လ မတိုင်ခင်မှာ မိခင်နို့နဲ့ ဖော်မြူလာနို့တွေက Casein, Albumin, Globulin တွေအဖြစ် ပျော်၀င်ပရိုတိန်းတွေအနေနဲ့ လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ပါတယ်။ ဖြည့်စွက်စာတိုက်ကျွေးချိန်မှာတော့ ပရိုတိန်းအရင်းအမြစ်ကောင်းတွေဖြစ်တဲ့ အသား၊ ကြက်၊ ငါး၊ နို့ထွက်ပစ္စည်း၊ ဥအမျိုးမျိုးတွေက မိခင်နို့နဲ့ ဖော်မြူလာနို့နဲ့အတူ ပရိုတိန်းလိုအပ်ချက်ကို ဖြည့်တင်းပေးနိုင်ပါတယ်။ မိခင်နို့နဲ့ ဖော်မြူလာနို့ ကနေ အပြင်အစားအစာတွေကို ပြောင်းလဲပြီးစတင်စားသုံးတဲ့အချိန်မှာတော့ အမျိုးအစားစုံလင်ပြီး အရည်အသွေးပြည့်၀တဲ့ အရင်းအမြစ်များစွာကနေ လုံလောက်တဲ့ပရိုတိန်းတွေကို ရယူဖို့လိုအပ်လာပါတယ်။

အနှစ်ချုပ်

Macronutrients တွေဟာ ရေတိုနဲ့ ရေရှည် စွမ်းအင်လိုအပ်ချက် (ကစီနဲ့ အဆီဓာတ်ကတစ်ဆင့်)တွေနဲ့ တစ်သျှူးကြွက်သားတည်ဆောက်ခြင်း၊ ခွန်အားရှိရန်နဲ့ အရွယ်အစားကြီးထွားဖို့ရန်၊ အသုံးချနိုင်ရန် လိုအပ်တဲ့ အာဟာရများစွာကို ထောက်ပံ့ပေးပြီး ကြီးထွားဖို့ မရှိမဖြစ်အရေးကြီးပါတယ်။ အသက် ၆လကနေ ၁၂လ ရင်သွေးငယ်တွေအတွက် ကျန်းမာတဲ့ အစားအစာဖြစ်ဖို့ အစာအုပ်စု ၃ မျိုးလုံးပါ၀င်ဖို့လိုအပ်ပါတယ်။

ကိုးကားချက်များ

  • Kathy C. Complementary feeding for infants 6 to 12 months. The journal of family health care. 2010;20(1):20-23.
  • Hermoso M, Tabacchi G, Iglesia‐Altaba I, et al. The nutritional requirements of infants. Towards EU alignment of reference values: the EURRECA network. Maternal & child nutrition. 2010;6:55-83.
  • https://www.unicef.org/parenting/food-nutrition/feeding-your-baby-6-12-months
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping