
George Thouas, B.Sc., M.Rep.Sc., Ph.D. (Monash)
George ဟာ Max Biocafre ရဲ့ သုတေသနဖွံဖြိုးတိုးတက်မှုဌာနရဲ့ ဌာနမှူးဖြစ်ပြီး ပညာရပ်ဆိုင်ရာသုတေသနနယ်ပယ်မှာ နှစ်ပေါင်း ၂၀ နီးပါးအတွေ့အကြုံရှိသူဖြစ်ပါတယ်။ သူ့ရဲ့ အမျိုးသမီးများရဲ့ မျိုးပွားခြင်းလေ့လာမှု သုတေသနကတစ်ဆင့် စုံတွဲများ သားသမီးထွန်းကားစေရန် ကူညီဖို့က သူ့ရဲ့ မူလစိတ်၀င်စားမှုဖြစ်ပါတယ်။ သူ့ရဲ့ ပါရဂူဘွဲ့ က အစားအစာအဟာရတွေကို စွမ်းအင်အဖြစ်ပြောင်းလဲပေးတဲ့ ကြီးထွားဖွံဖြိုးနေသော ဆဲလ်တွေရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ မိုက်တိုကွန်ဒရီယား (Mitochondria) လုပ်ငန်းဆောင်တာ ကို အဓိကထား လေ့လာခြင်းဖြစ်ပါတယ်။ အဆိုပါဖြစ်စဥ်က မိခင်တွေရဲ့ အာဟာရအနေနဲ့ ရင်သွေးငယ်တွေရဲ့ ဖွံဖြိုးကြီးထွားမှုနဲ့ အနာဂတ်ကျန်းမာရေးမှာ အရေးပါတဲ့နေရာမှာပါ၀င်တဲ့အကြောင်း အခုတော့ အသိအမှတ်ပြုနားလည်လာကြပြီဖြစ်ပါတယ်။ George အနေနဲ့ Little Étoile Organic မှာ သက်သေပြပြီးတဲ့ သုတေသနတွေကို အသုံးချနိုင်ဖို့ ကြိုးစားလျှက်ရှိပါတယ်။

Sarah Newland, B.HSc. - Nutritional Medicine
Sarah က ကျန်းမာရေးအာဟာရပညာရှင်ဖြစ်ပြီး သုတေသနဖွံဖြိုးတိုးတက်မှုဌာန နဲ့ စျေးကွက်ဖော်ဆောင်ရေးဌာနမှာ လုပ်ကိုင်လျှက်ရှိကာ သူမရဲ့ သားဦးရင်သွေးငယ်ကို ၂၀၂၀ နှစ်ဦးပိုင်းမှာ မွေးဖွားသန့်စင်ဖို့ မျှော်လင့်ထားပါတယ်။ Sarah အနေနဲ့ အားလုံးကို ခြုံငုံလေ့လာချဥ်းကပ်နဲ့လေ့လာမှုနှင့် တကွ အစာကိုဆေးအဖြစ် အလေးထားတဲ့ နည်းလမ်းများနဲ့ အူလမ်းကြောင်းကျန်းမာရေး၊ အူလမ်းကြောင်းနဲ့ ဦးဏှောက်ဆက်စပ်မှုအားလေ့လာခြင်းကို စိတ်အားထက်သန်မှုရှိပါတယ်။ Sarah အနေနဲ့ သတင်းအချက်အလက်များကို ကောင်းမွန်စွာဖြန့်၀ေခြင်း၊ စားသုံးသူများကို ပညာအသိ၀ေမျှခြင်း၊ အစရှိတာတွေနဲ့ သူမနဲ့ ဆက်လက်အဆက်အသွယ်မရှိပဲ ကျော်လွန်သွားတဲ့အချိန်အထိ မိမိဘာသာ ကျန်းမာခြင်းပြည့်၀စွာနေထိုင်နိုင်ဖို့ လိုအပ်တဲ့ အသိပညာနားလည်မှု တွေကို ရရှိအသုံးချနိုင်ဖို့ အာရုံစူးစိုက်ထားပါတယ်။

Benjamin Parmenter, B.Nutr.Diet. (Hons.)
Ben ကတော့ အစာအသောက်နဲ့ အာဟာရပညာဆိုင်ရာ ကျွမ်းကျင်သူဖြစ်ပြီး သုတေသနဖွံဖြိုးတိုးတက်မှုဌာန နဲ့ တွဲဖက်လုပ်ဆောင်နေသူဖြစ်ပါတယ်။ သူ့ရဲ့ သုတေသနအချို့ကတော့ ကျောင်းနေအရွယ်ကလေးသူငယ်များမှာ အားလပ်ချိန်မှာ ကာယဆိုင်ရာဆော့ကစားခြင်းရဲ့ အကျိုးသက်ရောက်ပုံကို လေ့လာခြင်းဖြစ်ပြီး အခုအချိန်မှာတော့ Max Biocare ရဲ့ သုတေသနလေ့လာမှုတစ်ခုဖြစ်တဲ့ Omega – 3 ဖြည့်စွက်စားသုံးခြင်းက မူလတန်းအရွယ်ကလေးသူငယ်တွေရဲ့ အမူအကျင့်နဲ့ အသိအမြင်တုံ့ပြန်မှုအပေါ်အကျိုးသက်ရောက်မှုလေ့လာမှု မှာပါ၀င်နေလေ့လာလျှက်ရှိပါတယ်။ Ben အနေနဲ့ အစာအဟာရတန်ဖိုးရဲ့ အကျိုးသက်ရောက်မှုအပေါ် ရှု့ထောင့်အမျိုးမျိုးလေ့လာမှုမှာ အားတက်သရောပါ၀င်နေပြီး Little Étoile Organic ရဲ့ လမ်းခရီးမှာ တက်ကြွစွာပါ၀င်လျှက်ရှိပါတယ်။

Justine GalB.HSc M.Diet
Justine ဟာ အစားအစာနဲ့ ကျန်းမာရေးသိပ္ပံပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုအရည်အချင်းများပိုင်ဆိုင်ထားပြီး Little Étoile Organics. သုတေသနဖွံဖြိုးတိုးတက်မှုဌာန နဲ့ စျေးကွက်ဖော်ဆောင်ရေးဌာနမှာ လုပ်ကိုင်လျှက်ရှိပါတယ်။ သူမအနေနဲ့ ကောင်းမွန်တဲ့ အစာအဟာရက ကျန်းမာရေးသုခအပေါ် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုရှိတဲ့ အကြောင်း သက်သေအထောက်အထားခိုင်လုံတဲ့ နားလည်မှုအသိကို ပိုင်ဆိုင်ထားပါတယ်။ ကျန်းမာရေးအာဟာရ သိပ္ပံနည်းကျအာဟာရပညာ ကို အများပြည်သူနားလည်စေဖို့ ဆက်သွယ်အနုပညာနဲ့ ပေါင်းစပ်ကာ Little Étoile Organics အနေနဲ့ ကျန်းမာရေးအာဟာရအကြောင်းအရာများကို အများပြည်သူတွေနဲ့ ထိတွေ့ဆက်ဆံပြီး ကောင်းမွန်တဲ့သက်ရောက်မှုကို အသိပေးနိုင်ဖို့ အကူအညီပေးနိုင်ရန်အတွက် သူမအနေနဲ့ အထူးပြုထားပါတယ်။

Diana NewmanH.N (Deakin)
Diana အနနဲ့ သူမရဲ့ အာဟာရဆိုင်ရာဆေးပညာ ဘွဲ့ကြိုသင်တန်းကို ၂၀၁၂ မှာ ပြီးဆုံးခဲ့ပြီး Deakin တက္ကသိုလ်ကတစ်ဆင့် Human Nutrition နဲ့ ပတ်သက်ပြီး မဟာဘွဲ့ရရှိခဲ့ပါတယ်။ သူမရဲ့ မဟာဘွဲ့ကျမ်းက ဒစ်ဂျစ်တယ်လုပ်ဆောင်မှုများမှတစ်ဆင့် အမျိုးအစား ၂ ဆီးချိုရောဂါသည်များရဲ့ အစားအသောက်အမှုအကျင့်အပေါ် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုကို လေ့လာခြင်းဖြစ်ပါတယ်။ လက်တွေ့ဆေးကုသမှုမှာတော့ Diana အနေနဲ့ နှလုံးသွေးကြောကျန်းမာရေး၊ ဟော်မုန်းမညီမျှမှုများ၊ အူလမ်းကြောင်းကျန်းမာရေး၊ နဲ့ အစာခြေမှုရောဂါများအစရှိတာတွေကို ပိုမိုတိုးတက်ကောင်းမွန်လာစေဖို့ လူနာတွေနဲ့အတူ လက်တွဲလုပ်ဆောင်လျှက်ရှိပါတယ်။ 2019 အစောပိုင်းမှာ ရင်သွေးအမွှာလေးမွေးဖွားပြီးနောက်ပိုင်း Diana အနေနဲ့ ရင်သွေးကလေးသူငယ်တွေရဲ့ ကျန်းမာရေးနဲ့ အာဟာရအပေါ်စိတ်၀င်စားမှုပိုမိုလာခဲ့ပါတယ်။

Mark Waddingham, B.Biomed.Sci. (Pharm. Sci.), B.Sc. (Hons.), Ph.D
Mark ကတော့ သုတေသနသိပ္ပံပညာရှင် ဖြစ်ပြီး Max Biocare ရဲ့ သုတေသနဖွံဖြိုးတိုးတက်မှုဌာနနဲ့ နဲ့ နီးကပ်စွာလုပ်ဆောင်လျှက်ရှိပါတယ်။ သူ့ရဲ့ တစ်ခုသော သုတေသနစိတ်၀င်စားမှုကတော့ ခန္တာကိုယ်ရဲ့ ဇီ၀ကမ္မဖြစ်စဥ်အပြောင်းအလဲများက နှလုံးသွေးကြောစနစ်အပေါ် အကျိုးသက်ရောက်မှုကို နားလည်ဖို့ ကြိုးစားခြင်းဖြစ်ပါတယ်။ ဇီ၀ကမ္မဖြစ်စဥ်ပြောင်းလဲမှုကြောင်းဖြစ်တဲ့ ရောဂါများကြောင်း သွေးကြော၊ နှလုံး၊ အဆုတ်၊ ဦးဏှောက်တို့အပေါ် ဆတိုးဒဏ်များဖြစ်စေပြီး၊ အစားအသောက်နဲ့ မှန်ကန်တဲ့ အာဟာရတွေကို ရိုးရှင်းစွာပြောင်းလဲမှုက အဆိုပါဖြစ်ရပ်များကိုလျှော့ချနိုင်စွမ်းရှိကောင်းရှိနိုင်ပါတယ်။ အသက်ငယ်ရွယ်စဥ်ကတည်းက ကောင်းမွန်တဲ့အစားအသောက်အမူအကျင့်များကို ပိုင်ဆိုင်ထားခြင်းက အသက်ကြီးလာတဲ့အခါ နှလုံးသွေးကြောရောဂါဖြစ်ပွားမှုကို အမှန်တကယ်လျှော့ချနိုင်စွမ်းရှိနိုင်ပါတယ်။