Blog

သင့်ရင်သွေးငယ်လိုအပ်တဲ့ အာဟာရများ

ဘာကြောင့် ရင်သွေးငယ်တွေအတွက် အာဟာရဒီလောက်တောင် အရေးပါရတာလဲ

ကြီးထွားဖွံဖြိုးဖို့နဲ့ ခန္တာကိုယ်လုပ်ငန်းဆောင်တာတွေလုပ်ဆောင်နိုင်ဖို့ အစားအသောက်ကရတဲ့ အာဟာရတွေကို လိုအပ်ပါတယ်။ ကလေးငယ်တွေနဲ့ လူကြီးတွေအတွက်  တစ်ချို့သော ဇီ၀ဗေဒဆိုင်ရာ အလိုအပ်ဆုံးသော အာဟာရတွေက ကိုယ်ခန္တာက မိမိဘာသာမဖန်တီးနိုင်ပဲ အစားအသောက်ကဆီပဲရရှိနိုင်ပါတယ်။ သင့်ရင်သွေးရဲ့ အသက် ၂-၃ နှစ်အတွင်း အစားအစာအလေ့အကျင့် က သူတို့ရဲ့ စိတ်နဲ့ခန္တာတိုးတက်ဖွံဖြိုးမှုအပေါ် အလွန်ပင် အရေးပါတယ်။ စိတ်မကောင်းစရာဖြစ်စရာတစ်ခုက ဖွံဖြိုးဆဲနဲ့ ဖွံဖြိုးပြီး တိုင်းပြည်တွေရဲ့ ရင်သွေးငယ်တွေကို အစားအစာအလေ့အကျင့်က အာဟာရ မပြည့်၀မှုမရှိတာဖြစ်နေနိုင်ပြီး ရံဖန်ရံခါမှာ  ကလေးကြီးထွားမှုအတွက် အန္တရာယ်တောင် ရှိနေနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာထိန်းချုပ်မှုနေရာ၊ အသိတရားဖွံဖြိုးမှု၊ ကိုယ်ခံအားစနစ်၊ လေ့လာသင်ကြားနိုင်မှုစွမ်းရည် အစရှိတာတွေဟာ ရင်သွေးငယ်တွေရဲ့ အစောပိုင်းကာလတွေက ဖြစ်တည်အခြေကျတာဖြစ်ပြီး အာဟာရချို့တဲ့ခြင်းက အာရုံစူးစိုက်နိုင်မှုနဲ့လူမှုဆက်ဆံရေးစွမ်းရည်နည်းပါးခြင်း၊ သင်ယူမှုနဲ့ အမူအကျင့်ဆိုင်ရာ ပြဿနာများ၊ ရောဂါဖြစ်နိုင်ခြေများပြီး ကြီးထွားမှုနှေးကွေးခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

အဓိကအာဟာရများ – ကောင်းကျိုးများနဲ့ ရရှိနိုင်သော အရင်းအမြစ်များ

သံဓာတ်

သွေးနီဥ ထုတ်လုပ်ရန်နဲ့ ကိုယ်ခံအားစနစ်ကောင်းမွန်စေခြင်း

အသား (အနီရောင်ရှိသော အသားများ)၊ အာဟာရဖြည့်စွက်ထားတဲ့ စီရီရယ်များ၊ ပဲအမျိုးမျိုး၊ တို့ဟူး၊ ဟင်းနုနွယ်ပြုတ်

အိုမီဂါ-၃ အဆီဓာတ်

ဦးဏှောက်ဖွံဖြိုးဖို့နှင့် ကိုယ်ခံအားကောင်မွန်ရေး၊ အရေပြားကျန်းမာရေး

ဆယ်လမွန်၊ ဆာဒင်း၊ ထောပတ်သီး၊ သစ်ချသီး၊ Flax နှင့် Chia အစေ့အဆန်များ

ဗီတာမင်-အေ

အရေပြား၊ ကိုယ်ခံအား၊ အစာခြေလမ်းကြောင်းထိန်းသိမ်းဖို့ရန်

အသား၊ ဆယ်လမွန်၊ ဥအမျိုးမျိုး၊ နို့ထွက်ပစ္စည်းများ၊ ဖရုံသီး၊ ကန်စွန်းဥ၊ မုန်လာဥ၊ အစိမ်းရောင်ရင့်ရင့်ရှိသော ဟင်းသီးဟင်းရွက်များ

ဗီတာမင်- စီ

ကိုယ်ခံအားဖွံဖြိုးဖို့နဲ့ ဆဲလ်များလုပ်ငန်းဆောင်တာကျန်းမာနေစေရန်

ဘယ်ရီသီးများ၊ ချဥ်သောအသီးများ၊ ကီ၀ီသီး၊ ပန်းဂေါ်ဖီစိမ်း၊ ငရုပ်ပွ

ကယ်လဆီယမ်

အရိုးသိပ်သည်းဆ ကောင်းမွန်စေရန်၊ အရိုးဖွံဖြိုးကြီးထွားစေရန်

နို့ထွက်ပစ္စည်းများ၊ ပန်းဂေါ်ဖီစိမ်း၊ အစိမ်းရောင်ရှိသော အရွက်ပွ ဟင်းသီးဟင်းရွက်များ၊ တို့ဟူး၊ ဗာဒံစေ့

အသားဓာတ်

ဆဲလ်ဖွဲ့စည်းတည်ဆောက်ပုံ၊ ကြီးထွားဖွံဖြိုးမှု

အသား၊ ကြက်သား၊ ပင်လယ်စာ၊ ပဲအမျိုးမျိုး၊ ဥအမျိုးမျိုး၊ အစေ့အဆန်များ (ဗာဒံ၊ မြေပဲ၊ Flax , Chia အစေ့များ), နို့ထွက်ပစ္စည်းများ

ဗီတာမင် ဘီအုပ်စု

ဦးဏှောက်အာရုံကြော်နဲ့ ဇီ၀ကမ္မဖြစ်စဥ်များ

အသား၊ ကြက်သား၊ ငါး၊ ဥအမျိုးမျိုး၊ ဆန်လုံး၊ ပဲအမျိုးမျိုး၊ အစေ့အဆန်နဲ့ အခွံမာသော အသီးများ (နေကြာစေ့၊ ဗာဒံစေ့)၊ အစိမ်းရောင်ရင့်သောဟင်းသီးဟင်းရွက်များ

ဗီတာမင် ဒီ

ကျန်းမာတဲ့ အရိုးဖွံဖြိုးမှု၊ ကိုယ်ခံအားစနစ်၊ ဆဲလ်တွေရဲ့ လုပ်ငန်းဆောင်တာ

အဆီများသောငါးများ (ဆယ်လမွန်၊ ဆာဒင်း၊ ငါးသလောက်)၊ အာဟာရဖြည့်တင်းထားသော စီရီရယ်၊နို့ထွက်ပစ္စည်း၊ ဥအမျိုးမျိုး၊ မှိုအမျိုးမျိုး

 

ကိုးကားချက်မျာ:

  1. htpps://lpi.oregonstate.edu/mic/life-stages/pregnancy-lactation
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping