Heavy metals တွေနဲ့ ထိတွေ့မှုက ရင်သွေးငယ်တွေကို ဘယ်လိုဆိုးကျိုးဖြစ်စေသလဲ
Heavy metal များနဲ့ အထိအတွေ့များခြင်းက ရင်သွေးကလေးသူငယ်များရဲ့ ကျန်းမာရေးကြီးထွားဖွံဖြိုးမှုကို ဆိုးကျိုးသက်ရောက်စေပြီး ရေရှည်ထိတွေ့ခြင်းက အသက်အရွယ်ကြီးလာတဲ့နောက်ပိုင်းမှာ ကျန်းမာရေးအတွက် ဘေးဥပဒ်ဖြစ်စေပါတယ်။ အာရုံစူးစိုက်လို့မရတဲ့ရောဂါ၊ သွေးအားနည်းရောဂါ၊ Autism လို့ခေါ်တဲ့ အာရုံကြောချို့တဲ့ရောဂါ၊ အစာအိမ်အူလမ်းကြောင်းပြဿနာများ အစရှိတာတွေကိုဖြစ်စေနိုင်ပါတယ်။ ဒါတွေက သင့်ရင်သွေးဖွံဖြိုးမှုနဲ့ Heavy metal ထိတွေ့ခြင်းဆိုးကျိုးများရဲ့ ဥပမာအနည်းငယ်ကို ဖော်ပြထားတာဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ စားစရာတွေမှာ Heavy metals များ ဘယ်လိုရောက်ရှိလာသလဲ
ပြဒါး၊ ခဲသတ္ထု၊ အာဆင်းနစ်၊ ကေဒီယမ် အစရှိတဲ့ Heavy metals တွေက သဘာ၀ပတ်၀န်းကျင်မှာ သူ့အလိုအလျောက်ဖြစ်တည်ရှိနေကြတာပါ။ ဒါပေမဲ့ တစ်ချို့သော အစားအစာများက သူတို့ ကြီးထွားလာတဲ့ကာလအတွင်းမှာ ရေကတစ်ဆင့် (သို့) မြေဆီသြဇာကတစ်ဆင့် Heavy metals တွေကို သာမန်ထက်ပိုပြီးရယူကြပါတယ်။ ဒါ့အပြင် သမရိုးကျစိုက်ပျိုးနည်းစနစ်များအရ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးအသုံးပြုခြင်းများကလည်း မြေဆီသြဇာမှာ Heavy metal ပါ၀င်မှု ပိုမိုများလာစေပြီး သီးနှံတွေမှာပါ Heavy metal ပါ၀င်နှုန်းပိုများလာတာ တွေ့နိုင်ပါတယ်။ Healthy Babies Bright Futures (HBBF) မှဦးစီပြီး လတ်တလောအတွင်း ရင်သွေးအစားအစာ ၁၆၈ မျိုးကို စမ်းသပ်စစ်ဆေးချက်များအရ ၉၅% သော စားစရာတွေထဲမှာ Heavy metals (ပြဒါး၊ ခဲသတ္ထု၊ အာဆင်းနစ်၊ ကေဒီယမ်) တွေကိုတွေ့ရှိရပြီး ၂၅% မှာတော့ Heavy metals ၄ မျိုးလုံးကိုတွေ့ရှိရပါတယ်။ အခုလိုတွေ့ရှိချက်က US Food & Drug Administration မှ ယခင်က လေ့လာစစ်ဆေးချက်နဲ့ နဲ့ တူညီနေတာဖြစ်ပြီး ထိုစစ်ဆေးချက်မှာတော့ ရင်သွေးအစားအစာ ၃၉ မျိုးမှ ၃၃ မျိုးဟာ Heavy metals များပါ၀င်နေတာဖြစ်ပါတယ်။
ရင်သွေးအစားအစာတွေကို Heavy metal ပါ၀င်မှုစစ်ဆေးခြင်းက ဘာကြောင့်အရေးကြီးသလဲ
Étoile Organic စားစရာအိတ်လေးများကို Heavy metals များ (ပြဒါး၊ ခဲသတ္ထု၊ အာဆင်းနစ်၊ ကေဒီယမ်) ပါ၀င်မှုကို လွတ်လပ်တဲ့ စစ်ဆေးမှုများနဲ့ စစ်ဆေးထားပြီး ရှာဖွေတွေ့ရှိနိုင်တဲ့ ပမာဏထက်နည်းပါးအောင်းနဲ့ သြစတြေးလျအစားအစာစည်းမျဥ်းစည်းကမ်းများနဲ့ ကိုက်ညီအောင်ပြုလုပ်ထားပါတယ်။ သင့်ရင်သွေးကို ဘာတိုက်ကျွေးသလဲဆိုတာက သူတို့ရဲ့ ဖွံဖြိုးကြီးထွားမှုနဲ့ ကျန်းမာရေးအပေါ်မှာ အကျိုးသက်ရောက်မှုရှိပြီး Heavy metals တွေကို ရှောင်ကျဥ်ခြင်းက အရေးကြီးတဲ့ အချက်တစ်ခုဖြစ်ပါတယ်။
Heavy Metal | ရင်သွေးအစားအစာတွေမှာ Heavy metals တွေ့ရှိရတဲ့ ရာခိုင်နှုန်း | ဆိုးကျိုးသက်ရောက်မှုများ |
---|---|---|
အာဆင်းနစ်c | အရေပြားကင်ဆာ၊ အရေပြားရောဂါများ၊ နှလုံးရောဂါနှင့် အာရုံကြောအဆိပ်အတောက်ဖြစ်မှုများနှင့် ဆက်စပ်မှုရှိ | |
ခဲသတ္ထု | ဖွံဖြိုးကြီးထွားမှုနှေးကွေးစေပြီး, အမူအကျင့်နဲ့ ဥာဏ်ရည်ကျဆင်းစေပါသည် | |
မာကျူရီ | အာရုံကြော၊ အစာအိမ်အူလမ်းကြောင်း၊ ကိုယ်ခံစွမ်းအား၊ အဆုတ်၊ ကျောက်ကပ်၊ အရေပြားနဲ့ မျက်စိ အပေါ် အဆိပါအတောက်ဖြစ်စေ | |
ကေဒီယမ် | ကိုယ်ခံအားစနစ်ကို အားနည်းစေပြီး၊ လေ့လာသင်ကြားနိုင်စွမ်းကို ကျဆင်းစေပါသည်။ |
HEAVY METALS ပါ၀င်မှု အများဆုံးအစားအစာများနဲ့ အလားတူအစားထိုးပိုမိုစိတ်ချရသော အစားအစာများ | ||
---|---|---|
အန္တရာယ်ရှိသော အစားအစာများ | ပိုမိုစိတ်ချရသော အလားတူ အစားအစာများ | |
သွားပေါက်ခါစ ကလေးငယ်များအတွက် စားစရာများ | သွားပေါက်ခါစ ကလေးငယ်များအတွက် ဘီစကစ်များနဲ့ ဆန်မုန့်များ | အခြားသော အစာပျော့ပျော့များ – အေးခဲထားတဲ့ငှက်ပျောသီး (သို့ ) အအေးခံထားတဲ့ သခွားသီး |
အဆာပြေစားစရာများ | အဆာပြေဆန်မုန့်ပွများ | ဆန်မပါသော အဆာပြေစားစရာများ
ကလေးစား စီရီရယ်မုန့်များ |
ရင်သွေးများအတွက် ကွေကာအုတ် | ကွေကာအုန်ဖျော်ရည်များ | သစ်သီးဖျော်ရည်၊
ဘုံဘိုင်ရေ |
သစ်သီးများနဲ့ ဟင်းသီးဟင်းရွက်များ | မုန်လာဥနဲ့ ကန်စွန်းဥများ | မုန်လာဥများနဲ့ ကန်စွန်းဥများအပြင် အခြားရွေးစရာအမျိုးမျိုး |
ကိုးကားချက်များ
- https://www.ncbi.nlm.nih.gov/pubmed/14757716
- https://www.ncbi.nlm.nih.gov/pmc/articles/PMC4427717/
- https://www.who.int/ceh/capacity/heavy_metals.pdf
- https://www.efsa.europa.eu/en/topics/topic/metals-contaminants-food
- https://www.healthybabyfood.org/sites/healthybabyfoods.org/files/2019-10/BabyFoodReport_EXEC-SUMM-ENGLISH_R5b.pdf
- https://www.fda.gov/food/guidance-documents-regulatory-information-topic-food-and-dietary-supplements/infant-formula-guidance-documents-regulatory-information
- https://www.cfs.gov.hk/english/multimedia/multimedia_pub/multimedia_pub_fsf_14_02.html
- https://rarediseases.org/rare-diseases/heavy-metal-poisoning/ 9. Rai, P.K., et al., Heavy metals in food crops; Health risks, fate, mechanisms, and management. Environment International, 2019. 125: p. 365-368.